Posted by : Thu Ya Sunday, April 7, 2013

1

သင့်ကွန်ပြူတာမှာ နေရာလွတ် တွေ သိပ်မကျန်တော့ဘူးဆို ရင် မလို အပ်တဲ့ အသုံးမပြုတဲ့ ကြီးမားတဲ့ဖိုင်တွေကို ရှာပြီး ဖျက်ပစ်သင့်ပါတယ်။ဒီလို ကြီးမားတဲ့ဖိုင်တွေကို ရှာဖွေ  ပြီးဖျက်ဖို့ အတွက် design လုပ်ထားတဲ့ WizTree ဆို တဲ့ freeware က သင့်ကွန်ပြူတာက ကြီးမားတဲ့ ဖိုင်တွေကို စက္ကန့် ပိုင်းအတွင်းမှာပဲလျှင်မြန် စွာ ရှာဖွေ ပေးနိုင်ပါတယ်။တစ်ခြား WizTree လို မျိုး အလားတူ application တွေ ထက်အလွန်လျှင်မြန်စွာ scan လုပ်ပေးနိုင်တဲ့ အချက်က WizTree ရဲ့ အလွန်အားသာတဲ့အချက်ပါပဲ။WinTree က သင့် hard drive တွေကို အမှန်တကယ် scan လုပ်ပေးတာမဟုတ်ဘဲ ntfs hard drive တွေရဲ့ Master File Table(MFT) က သတင်းအချက်အလက်တွေကိုသာရယူလိုက်တာဖြစ်တာကြောင့် အလွန်လျှင်မြန်တာပါ။WizTree  က ntfs drive တွေကို သာ scan လုပ်ပေးနိုင်တာကို တော့ သတိပြုပါ။

သင် scan လုပ်ချင်တဲ့ drive ကို ရွေးပြီး Scan ကို နှိပ်ရင် စက္ကန့် ပိုင်း အတွင်းမှာပဲ အဲဒီ hard drive က ဖိုင်တွေကို သင့် hard drive မှာ နေရာယူထားတဲ့ ရာခိုင်နှုန်း အလိုက် ဖိုင်ဆိုက်အလိုက် တွေ့ မြင်နိုင်ပါတယ်။Tree View မှာ တော့ hard drive မှာ ရှိတဲ့ ဖိုဒါတွေ ၊ဖိုဒါတွေ အောက်က sub folder တွေ ၊ဖိုင်တွေကို Parent Folder မှာ နေရာယူ ထားတဲ့ ရာခိုင်နှုန်း အလိုက်တွေ့ မြင်နိုင်ပြီးဖိုင်ဆိုက်ကို ပါတွေ့ မြင်နိုင်ပါတယ်။သင်အလို မရှိတဲ့ ဖိုင်တွေ ဖိုဒါတွေကို right click နှိပ်ပြီး Delete ကို နှိပ်ပြီးဖယ်ရှားနိုင်ပါတယ်။Windows Explorer ကနေကြည့်ချင်ရင်တော့ ဖိုဒါ၊ဖိုင် အပေါ်ကို right click နှိပ်ပြီး Explore Folder ကို နှိပ်ပါ။

ashampoo 01

ဆိုက်အကြီးဆုံး ဖိုင် 1000 ကိုလည်း ဖိုင်ဆိုက်အလိုက်ကြီးစဉ်ငယ်လိုက်ကြည့်ဖို့ အတွက် Top 1000 Largest Files ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။

ashampoo 02

WizTree က အင်စတောလုပ်စရာမလို တဲ့ portable version ဖြစ်ပြီး antibody-software.com မှာ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

Blogger Tricks

Popular Post

Blogger templates

Footer Widget 1

Text here

More Text

Total Pageviews (01/03/2012)

Footer Widget 3

ADVERTISMENT

Pages

Poll

Footer Widget 2

Powered by Blogger.

Followers

- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -