- Back to Home »
- Browser Tips And Tricks , How To and Tips , Web Apps And Internet »
- Smart QrCode Generator: Generate QR codes for URLs and images in Google Chrome
Smart Phones တွေ အသုံးပြုမှုများလာတာနဲ့ ဖုန်းတွေ ကနေ အင်တာနက်အသုံးပြုမှုတွေ များပြားလာပါတယ်။သင့်ကွန်ပြူတာ မှာ ကြည့် နေတဲ့ ၀က်ဆိုက်တစ်ခုကို ဖုန်းကနေ ကြည့်ချင်တယ်ဆိုပါစို့ ။ဖုန်း မှာ အဲဒီဆိုက်ရဲ့ လိပ်စာ ကို ရိုက်ထည့်ရမှာပါ။ဖုန်း ဟာ အရွယ်အစားသေးငယ်တဲ့အတွက် ၀က်ဆိုက်လိပ်စာတွေ ရိုက်ရတာ အလုပ်ရှုပ်ပါတယ်။အဲဒီ အခက်အခဲကို Smart QrCode Generator ဆို တဲ့ chrome extension ကဖြေရှင်းပေးနိုင်ပါတယ်။အဲဒီ extension က သင့်ကွန်ပြူတာက ၀က်ဆိုက်လိပ်စာ၊ ပုံ စတာတွေကို သင့်ဖုန်းမှာ ၀က်ဆိုက်လိပ်စာတွေ ရိုက်ထည့်စရာမလို ဘဲ အလွယ်တကူ ကြည့် နိုင်အောင် QrCode တွေ ပြုလုပ်ပေးနိုင်ပါတယ်။အဲဒီ QrCode ကို သင့်ဖုန်း က QrCode Scanner တွေ နဲ့ scan လုပ်လိုက်တာနဲ့  ၀က်ဆိုက်တွေ ကို သင့်ဖုန်းကနေ ကြည့်ရှုနိုင်မှာပါ။သင့်ဖုန်းမှာ တော့ Barcode Scanner လို application တွေ ရှိဖို့ လို ပါတယ်။
Smart QrCode Generator ကို chrome browser မှာ အင်စတောလုပ်ပြီးရင် သင့်ဖုန်း ကနေ ကြည့်ချင်တဲ့ဆိုက်ကို သွားပါ။Address bar က Smart QrCode Generator ပုံကို နှိပ်ပါ။ဒါဆိုရင် QrCode ပေါ်လာပြီးသင့်ဖုန်းကနေ QrCode Scanner နဲ့  scan လုပ်လိုက်ရင် အဲဒီဆိုက်ကို သင့်ဖုန်းကနေ ကြည့်ရှုနိုင်ပါပြီ။ဝက်ဆိုက်လိပ်စာတွေ သင့်ဖုန်း မှာ ရိုက်ထည့်စရာမလို တဲ့အတွက် အဆင်ပြေပါတယ်။
ပုံပေါ်မှာ right click နှိပ်ပြီး Generate Smart QrCode ကို နှိပ်ရင် အဲဒီပုံအတွက် QrCode ကို ရရှိနိုင်ပါတယ်။
Check out Smart QrCode Generator @ Chrom Web Store
ကျေးဇူးတင်ပါတယ်ကိုပေါက်ခင်ဗျား....
ReplyDeleteကျွန်တော့် နာမည် သူရ ပါ ကိုပေါက် မဟုတ်ပါဘူး။
Delete