Posted by : Thu Ya Tuesday, April 9, 2013

1

ဖိုင်တွေကို  ချုံ့ ၊ ချဲ့ (zip,unzip) လုပ်ပေးနိုင်တဲ့ WinZip Pro ကို တင်ပေးထားပါတယ်။တကယ်လို့ သင့်ကွန်ပြူတာမှာ အဲဒီလို ဆော့ဝဲမရှိခဲ့ ရင်ပဲဖြစ်ဖြစ် ရှိတဲ့ ဆော့ဝဲက မဖြည်ပေးနိုင်တဲ့ zip ဖိုင်အမျိုးအစားဖြစ်နေ ရင် အင်တာနက်မှာ zip ,unzip အခမဲ့ လုပ်ပေးနိုင်တဲ့ web site တွေ ရှိတယ်ဆို တာ ပြောပြချင်တာပါ။နောက်ပြီး အဲဒီဆိုက်တွေက သင့်ကွန်ပြူတာက zip ဖိုင်တွေကို unzip လုပ်ပေးနိုင်ရုံတင်မကဘဲ အင်တာနက်က zip ဖိုင်တွေကို ပါ unzip လုပ်ပေးနိုင်ပါတယ်။အဲဒီအတွက် အင်တာနက်က zip ဖိုင်တွေ ရဲ့ direct link ရရင်အဲဒီဖိုင်တွေကို unzip လုပ်ပြီးအထဲက ဖိုင်တွေကို သင်ကြည့်ရှုသိရှိနိုင်ပါတယ်။

WOBZIP

Wobzip ၀က်ဆိုက်ကို သွားပြီး သင့်ကွန်ပြူတာက zip ဖိုင်တွေကို upload လုပ်ပြီး unzip လုပ်နိုင်ပါတယ်။အင်တာနက်က zip ဖိုင်တွေရဲ့ direct link ကို သုံးပြီးတော့လည်း unzip လုပ်နိုင်ပါတယ်။Zip ဖိုင်က password နဲ့  ဖြည်ရမယ်ဆိုရင် password ထည့်ပေးနိုင်ပါတယ်။Maximum file size 200 mb သတ်မှတ်ထားပြီး support ပေးတဲ့ zip ဖိုင်အမျိုးအစားတွေကို အောက်ကပုံမှာကြည့်ပါ။

ashampoo 01

Unzip လုပ်ပြီးရင် သင်လို ချင်တဲ့ ဖိုင် တစ်ခု ချင်းကို ရွေးချယ်ဒေါင်းလုပ်လုပ်နိုင်သလို zip ဖိုင်အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ဒါ့အပြင်သင့် Dropbox ဆီသို့ လည်း ပို့ ပေးနိုင်ပါတယ်။သင့်ဖိုင်ကို ၃ ရက် အထိ wobzip ကသိမ်းပေးထားမှာပါ။

ashampoo 01

2zip

2zip ၀က်ဆိုက်ကိုသွားပြီး သင့်ကွန်ပြူတာ zip ဖိုင်တွေကို upload လုပ်ပြီး unzip လုပ်နိုင်သလို အင်တာနက် က zip ဖိုင်တွေရဲ့ direct link ကို သုံးပြီးလည်း unzip လုပ်နိုင်ပါတယ်။Maximum file size ကို 100 mb သတ်မှတ်ထားပါတယ်။Supported file types တွေကို အောက်ကပုံမှာကြည့်ပါ။

ashampoo 02

Unzip လုပ်ပြီးရင်သင်လို ချင်တဲ့ ဖိုင် ကို ရွေးချယ်ဒေါင်းလုပ်လုပ်နိုင်သလို Convert To Zip ကို နှိပ်ပြီး Zip ဖိုင်အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

ashampoo 02

Leave a Reply

Subscribe to Posts | Subscribe to Comments

Blogger Tricks

Popular Post

Blogger templates

Footer Widget 1

Text here

More Text

Total Pageviews (01/03/2012)

Footer Widget 3

ADVERTISMENT

Pages

Poll

Footer Widget 2

Powered by Blogger.

Followers

- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -