- Back to Home »
- How To and Tips , Windows Tips And Tricks »
- How To Prevent Files From Opening In Metro In Windows 8
Posted by : Thu Ya
Friday, January 11, 2013
Windows 8 မှာ image,music,video ဖိုင်တစ်ခုခု ကို ဖွင့်ကြည့်ရင် metro applications တွေနဲ့ ဖွင့်ပေးမှာဖြစ်ပါတယ်။အဲဒီ metro apps တွေကို မသုံးချင်ဘဲ အရင်ဝင်းဒိုးတွေမှာလို windows media player , photo viewer တွေနဲ့ ဖွင့်ချင်ရင်တော့ default programs မှာ ပြင်ပေးရမှာပါ။
Charms bar (Win + C) ကို နှိပ်ပြီး Search ကိုနှိပ်ပါ။Default Programs လို့ ရိုက်ထည့် ပေးပြီး Default Programs ကို ဖွင့်ပါ။
Set your default programs ကို နှိပ်ပါ။
Windows photo viewer ကိုရွေးပြီး “set this program as default” ကိုနှိပ်ပါ။
Windows media player ကို ရွေးပြီး “set this program as default” ကို နှိပ်ပါ။ဒါဆိုရင် သင့်ရဲ့  image,video,music ဖိုင်တွေကို metro apps တွေနဲ့ မဖွင့်ဘဲ အရင်ဝင်းဒိုးတွေမှာလို windows media player,photo viewer တွေနဲ့ ဖွင့်ပေးပါလိမ့်မယ်။