- Back to Home »
- Browser Tips And Tricks , How To and Tips , Web Apps And Internet »
- TV WatchList: Use Google Chrome To Find Out Runtimes For TV Shows
Posted by : Thu Ya
Wednesday, April 24, 2013
သင်ကြည့်နေတဲ့ TV Show တွေ ဘယ်နေ့ မှာ အပိုင်းသစ်ထွက်မလဲ ဆိုတာသိချင်ရင် Imdb တို့ လို ၀က်ဆိုက်တွေကို ၀င်ကြည့်ကြရပါတယ်။Chrome browser သုံးသူတွေ အတွက်တော့ TV WatchList ဆို တဲ့ browser extension ကို အင်စတောလုပ်ထားရင် လွယ်လွယ်ကူကူပဲ သင့် favourite shows တွေ ဘယ်နေ့ မှာ episode အသစ်ထွက်မလဲဆိုတာသိနိုင်ပါတယ်။အဲဒီအတွက် တစ်ခြား ၀က်ဆိုက်တွေ သွားကြည့်စရာမလို တဲ့အတွက် အချိန်ကုန် သက်သာပြီးလွယ်ကူအဆင်ပြေပါတယ်။
TV WatchList ကို chrome မှာ အင်စတောလုပ်ပြီးရင် အိုင်ကွန်ကို နှိပ်ပြီးသင်ကြည့်နေတဲ့ TV Show နာမည်ကို ရိုက်ရှာပေးပါ။ရှာတွေ့ ရင် TV Show နာမည်ကို နှိပ်ရင် Add to WatchList စာရင်းထဲရောက်သွားပါပြီ။
ဒါဆိုရင် အဲဒီ TV Show ဘယ်နေ့ မှာ episode အသစ်ထွက် မလဲဆိုတာ အောက်ကပုံမှာလို တွေ့ မြင်နိုင်မှာပါ။