Archive for November 2012
Free Movie Subtitler : Hard Code An External Subtitle File Into A Video File
သင့် ကွန်ပြူတာမှာ Movie တွေကြည့်တဲ့အခါ subtitle မပါခဲ့ ရင် အွန်လိုင်းကနေ ဒေါင်းလုပ်လုပ်ပြီးကြည့်ရပါတယ်။Video player က သင်ဒေါင်းလုပ်လုပ်ထားတဲ့ subtitle ကို support မလုပ်လို့ ဘဲဖြစ်ဖြစ်၊သင့် movie ဖိုင်မှာ subtitle ကိုအသေထိုးထားချင်လို့ ဘဲဖြစ်ဖြစ် ဒီလို အခြေနေမျိုးမှာ free movie subtitler ဆိုတဲ့ tool လေးက အသုံးဝင်ပါတယ်။Avi,mpeg အပါအ၀င်တစ်ခြား video format တွေကို support ပေးပြီး ၊ subtitle format တွေအနေနဲ့  .sub, .srt နှစ်မျိုး ကို support ပေးပါတယ်။
Movie subtitler ကို run ပြီးရင် video ဖိုင်နဲ့  subtitle ဖိုင်ကိုရွေးပေးပြီး Apply Subtitles ကိုနှိပ်ပါ။
Video ဖိုင်ဆိုက်ပေါ်မူတည်ပြီးအချိန်ကြာမြင့်ပါလိမ့်မယ်။ပြီးရင်တော့ subtitle အသေထိုးထားတဲ့ video ကိုရရှိပါပြီ။
Download Free Movie Subtitler @ www.convertibleinc.com/free-movie-subtitler.php
Windows 8 Upgrade Assistant
သင့်ကွန်ပြူတာမှာ windows 8 ကို install မလုပ်ခင်မှာသင့်ကွန်ပြူတာရဲ့  hardware,applications အပြင် ကွန်ပြူတာနဲ့ တွဲဖက်အသုံးပြုနေတဲ့ printers,scanners,peripheral devices တွေဟာ windows 8 နဲ့  compatible ဖြစ်မဖြစ် သိရှိနိုင်အောင်ပြုလုပ်ပေးမယ့် microsoft ရဲ့  windows 8 upgrade assistant ပါ။ဒီ application ကို မ run ခင်မှာသင့် ရဲ့  printer,scanner စတဲ့ peripheral devices တွေကို ချိတ်ဆက်ထားဖို့ လိုပါတယ်။
Windows 8 upgrade assistant ကို run ရင် scan လုပ်ပါလိမ့်မယ်။အချိန်အနည်းငယ်ကြာပြီးရင် တော့ compatibility report ကို ရရှိပါလိမ့်မယ်။
See compatibility details ကိုနှိပ်ကြည့်ရင် compatible ဖြစ်တဲ့ applications တွေ compatible မဖြစ်တဲ့ applications,items တွေကို မြင်တွေ့ နိုင်ပါတယ်။
Windows 8 အတွက် လိုအပ်တဲ့ system requirements တွေကို microsoft website ကထုတ်ပြန်ထားတာကတော့
Processor: 1 gigahertz (GHz) or faster with support for PAE, NX, and SSE2 (more info)
RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)
Hard disk space: 16 GB (32-bit) or 20 GB (64-bit)
Graphics card: Microsoft DirectX 9 graphics device with WDDM driver
ဒီထက်ပိုပြီးအသေးစိတ်ဖတ်ရှုကြည့်ချင်ရင်တော့ system requirement page မှာဖတ်ပါ။
Download windows 8 upgrade assistant @ http://windows.microsoft.com/en-US/windows-8/upgrade-to-windows-8#section_5
How To Download Torrent Without Torrent Client
အရင်ဆောင်းပါးတစ်ခုမှာ What is torrent file ? and how to download it ဆိုတာရေးပေးခဲ့ပါတယ်။Torrent transfer ကိုတစ်ချို့  ISP တွေက throte(slow down) လုပ်ထားတဲ့အတွက် ဒေါင်းလုပ်လုပ်ရတာကြာတတ်ပါတယ်။နောက်ပြီး ကျွန်တော်တို့ ရဲ့ ကွန်နက်ရှင်နှေးခြင်း၊share ratio(seeder-leecher ratio) တွေအပေါ်မူတည်ပြီး ဒေါင်းလုပ်လုပ်ရတာကြာတတ်ပါတယ်။အခုတော့ torrent ဖိုင်တွေကို ဒေါင်းလုပ်ဆွဲပေးနိုင်တဲ့ online bittorrent client တွေအဖြစ်ပြုလုပ်ပေးနိုင်တဲ့ free web service တွေပေါ်လာပါပြီ။အဲဒီ web service တွေကို torrent ဖိုင်တွေကို အရင်ဒေါင်းလုပ်ဆွဲခိုင်းပြီး မှ ရလာတဲ့ဖိုင်ကို ကျွန်တော်တို့ ကြိုက်နှစ်သက်ရာ Download Managers တွေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါပြီ။
zbigz ဆိုက်မှာ free account တစ်ခုလုပ်ပြီးရင် Upload .torrent file ကိုနှိပ်ပြီး သင့်ရဲ့  torrent (.torrent) ဖိုင်ကို upload လုပ်ပေးပါ။နောက်တစ်နည်းက torrent ကို upload လုပ်စရာမလိုဘဲ torrent site က torrent or magnet link ကို copy and paste လုပ်ပါ။ ပြီးရင် Go ကိုနှိပ်ပြီးနောက် page တစ်ခုပေါ်လာရင် free ကိုနှိပ်ပါ။ဒါဆိုရင် သင့် torrent ဖိုင်ကို ဒေါင်းလုပ်စဆွဲပေးပါလိမ့်မယ်။
သင့် torrent ဖိုင်ရဲ့  share ratio(seeder-leecher ratio),file size အပေါ်မူတည်ပြီးအချိန်ကြာမြင့်ပါလိမ့်မယ်။Caching complete ဖြစ်သွားရင်တော့ သင့်စိတ်ကြိုက်ဒေါင်းလုပ်မန်နေဂျာ နဲ့  ဒေါင်းလုပ်လုပ်နိုင်ပါပြီ။Free user အနေနဲ့  ဖိုင်နှစ်ခု သိမ်းထားနိုင်ပြီး max file size ကို 8 gb သတ်မှတ်ထားပါတယ်။ဖိုင်တွေကို ၇ ရက်ကြာသိမ်းပေးထားပြီး ၇ ရက်အတွင်းမှာဒေါင်းလုပ်လုပ်နိုင်ပါတယ်။Resume လုပ်လို့ ရတဲ့အတွက်အဆင်ပြေပါတယ်။
နောက် free web service တစ်ခု က boxopus ပါ။Boxopus ဆိုက်က စဖွင့်ဖွင့်ချင်းမှာ torrent ဖိုင်တွေကိုဒေါင်းလုပ်လုပ်ပေးနိုင်တဲ့အပြင် သင့် ရဲ့  dropbox အကောင့်ဆီကိုပါဒေါင်းလုပ်လုပ်ပြီးတဲ့ဖိုင်တွေကို ပို့ ပေးနိုင်ပါတယ်။နောက်ပိုင်မှာတော့ dropbox ကခွင့်မပြုတော့တဲ့အတွက် dropbox အကောင့်ကို မပို့ ပေးနိုင်တော့ပါဘူး။ဒါပေမယ့် ဒေါင်းလုပ်လုပ်ထားတဲ့ ဖိုင်တွေကို boxopus ကနေ ၂၄ နာရီအတွင်းမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Boxopus မှာ အကောင့်တစ်ခုလုပ်ပြီးရင်ဒါမှမဟုတ် facebook ,twitter အကောင့်တွေနဲ့ sign in လုပ်ပြီးရင် သင့် torrent(.torrent) ဖိုင်ကို upload လုပ်ပါ။နောက်တစ်နည်းက magnet link or url ကိုနှိပ်ပြီး torrent ကို upload လုပ်စရာမလိုဘဲ torrent site က torrent or magnet link ကို copy and paste လုပ်ပါ။ ပြီးရင် put in my dropbox ကိုနှိပ်ပါ။
နောက် page တစ်ခုပေါ်လာရင် start download ကိုနှိပ်ပါ။ဒါဆိုရင် torrent ဖိုင် ကို ဒေါင်းလုပ်စဆွဲပါပြီ။သင့် torrent ဖိုင်ရဲ့  share ratio(seeder-leecher ratio),file size အပေါ်မူတည်ပြီးအချိန်ကြာမြင့်ပါလိမ့်မယ်။Status မှာ complete ဖြစ်သွားရင်တော့ သင်ဖိုင်ကို ကြိုက်နှစ်သက်ရာ ဒေါင်းလုပ်မန်နေဂျာနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါပြီ။Max file size ကို 2 gb သတ်မှတ်ထားပြီး ၂၄ နာရီအတွင်းမှာဒေါင်းလုပ်လုပ်နိုင်ပါပြီ။
What Is Torrent File? And How To Download It
Internet မှာဖိုင်တွေ ကို share လုပ်ဖို့ email, file hosting sites တွေကို အသုံးပြုကြပါတယ်။BitTorrent ဆိုတာကတော့အဲဒီနည်းတွေနဲ့ မတူတဲ့ peer-to-peer file sharing (p2p) နည်းပညာတစ်ခုပါ။ဖိုင်တွေကို အင်တာနက် ပေါ် upload လုပ်ပြီး share လုပ်တာမဟုတ်ဘဲ ကွန်ပြူတာတွေကနေ အခြားကွန်ပြူတာတွေဆီကို တိုက်ရိုက် share လုပ်ပေးပါတယ်။တစ်ခြားနည်းတွေလို server တစ်ခုတည်းကနေပဲဒေါင်းလုပ်လုပ်စရာမလိုဘဲ bittorrent network အတွင်းမှာ အပြန်အလှန် file တွေ share လုပ်ပေးပါတယ်။
Torrent
BitTorrent နည်းပညာ ကိုအသုံးပြုဖို့  torrent(.torrent) ဖိုင်တွေကို ဖန်တီးပြီး အသုံးပြုကြရပါတယ်။Torrent ဖိုင်တွေဟာဖိုင်ဆိုက်သေးငယ်ပြီး မြေပုံတစ်ခုနဲ့ တူပြီးဖိုင်ကို share လုပ်ထားတဲ့ကွန်ပြူတာ တွေရဲ့ သတင်းအချက်အလက်တွေ ၊server url,file size စတာတွေကိုသိမ်းထားပေးပါတယ်။အောက်ကပုံမှာမြင်တွေ့ ရတဲ့အတိုင်းပဲ bittorrent network ထဲက ကွန်ပြူတာတစ်လုံးဟာတစ်ခြားကွန်ပြူတာတစ်လုံးကနေ ဖိုင်ရဲ့ အစိတ်အပိုင်းဖိုင်တစ်ခုကို ရရှိနိုင်ပြီး အဲဒီရရှိတဲ့ဖိုင်ကိုတစ်ခြား ကွန်ပြူတာတစ်လုံးဆီကို ပြန်လည်ဝေမျှပေးပါတယ်။သင်လို ချင်တဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်လုပ်ဖို့  torrent(.torrent)ဖိုင်ကိုအရင်ဒေါင်းလုပ်လုပ်ရမှာဖြစ်ပြီး BitTorrent client တွေကနေ အဲဒီ torrent ဖိုင်ကို အသုံးပြုပြီးသင်လိုချင်တဲ့ဖိုင်ကို ဒေါင်းလုပ်လုပ်ရမှာဖြစ်ပါတယ်။ Torrent sites အ များ ကြီး ထဲ က မှ နာ မည် ကြီးတဲ့ဆိုက်တစ်ချို့ ကတော့ isohunt,extratorrent,demonoid,piratebay,kissass torrent စတာတွေဖြစ်ပါတယ်။ဒါ့အပြင် torrent search engine တွေသီးသန့် ရှိပြီး torrentz,torrent scan,fenopy စတဲ့ search engine တွေကနေလည်း ရှာဖွေနိုင်ပါတယ်။
BitTorrent Client
BitTorrent client ဆိုတာကတော့ torrent ဖိုင်တွေကသတင်းအချက်အလက် တွေကို ဖတ်ပြီး ဒေါင်းလုပ်လုပ်ပေးနိုင်တဲ့ ဆော့ဝဲပါ။BitTorrent client အများအပြားရှိပြီး အဲဒီထဲကမှ လူသုံးများတဲ့ uTorrent,deluge,vuze,bittorrent စတာတွေ ကိုအခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Peer
Peer ဆိုတာကတော့ torrent ဖိုင်ကို download , upload လုပ်တဲ့နေရာမှာပါဝင်နေတဲ့ကွန်ပြူတာတွေပါ။
Seeder
Seeder(seed) ဆိုတာကတော့ torrent network ကနေပြီး ဖိုင်ကို ဒေါင်းလုပ်လုပ်ပြီးသူဖြစ်ပြီးပြန်လည် upload လုပ်ပေးတဲ့သူဖြစ်ပါတယ်။ Torrent client ကနေဒေါင်းလုပ်လုပ်ပြီး တဲ့အချိန်မှာ client ကိုမပိတ်ဘဲဒီအတိုင်းဆက်ဖွင့်ထားရင်အလိုလို upload လုပ်နေမှာဖြစ်ပါတယ်။
Leecher
Leecher(leech) ကတော့ ဒေါင်းလုပ်လုပ်နေဆဲသူဖြစ်ပြီးဒေါင်းလုပ်ပြီးစီးပါကပြန်လည် upload မလုပ်ပေး သူဖြစ်ပါတယ်။Torrent client ကနေဒေါင်းလုပ်လုပ်ပြီး တဲ့အချိန်မှာ client ကိုမပိတ်ဘဲဒီအတိုင်းဆက်ဖွင့်ထားရင် အလိုလို upload လုပ်နေမှာဖြစ်ပြီး seeder ဖြစ်လာမှာပါ။
Share Ratio
Torrent ဖိုင် တစ်ခုကိုဒေါင်းလုပ်လုပ်မယ်ဆိုရင် seeder-leecher ratio ကိုလေ့လာပါ။Seeder က leecher ထက်အရေအတွက်ပိုများတဲ့ဖိုင်ကိုရွေးချယ်ဒေါင်းပါ။အဲဒါမှ သင့်ရဲ့  ဒေါင်းလုပ်ကမြန်ဆန်စွာပြီးစီးမှာဖြစ်ပါတယ်။
Tracker
Tracker ဆိုတာကတော့ seeder နဲ့  leecher ကို ပေါင်းကူပေးထားတဲ့ server တံတားတစ်ခုဖြစ်ပြီး ဘယ်ကွန်ပြူတာမှာဘယ်ဖိုင်တွေရှိတယ်၊ဘယ်ကွန်ပြူတာမှာ ဘယ်ဖိုင်တွေလိုအပ်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို သိမ်းဆည်းလမ်းညွှန်ပေးပါတယ်။
How To Download Torrent
Torrent ဖိုင်တစ်ခု ကိုဒေါင်းလုပ်လုပ်ဖို့  torrent client တစ်ခုကို အရင် သင့်ကွန်ပြူတာမှာ download and install လုပ်ပါ။ဒီဆောင်းပါးမှာတော့ utorrent ကိုသုံးပါမယ်။ပြီးရင် isohunt torrent site ကိုသွားပြီး search box မှာ windows 8 လို့ ရိုက်ပြီး ရှာပါ။Torrent ဖိုင်တစ်ခုကိုမဒေါင်းခင်မှာ အရင်လေ့လာပါ။Share ratio ကောင်းတဲ့ဖိုင်ကိုရွေးချယ်ပါ။Seeder က leecher အရေအတွက်ထက်ပိုများတဲ့ဖိုင်ကိုရွေးချယ်ပါ။Torrent တစ်ချို့ ဟာ fake torrent(virus) တွေဖြစ်နိုင်လို့ ကွန်းမန့် တွေကိုဖတ်ပြီးလေ့လာဖို့ လည်းအရေးကြီးပါတယ်။
လေ့လာပြီးရင်တော့ သင်ဒေါင်းချင်တဲ့ဖိုင်ကို နှိပ်လိုက်ပြီး download page ကိုရောက်ရင် Download .torrent လင့်ကိုနှိပ်ပြီး torrent ဖိုင်ကိုဒေါင်းလုပ်လုပ်ပါ။Torrent ဖိုင်တွေဟာဖိုင်ဆိုက်သေးငယ်ပြီး (100) kb အောက်သေးငယ်တဲ့ ဆိုက်ပဲရှိပါတယ်။
ရရှိလာတဲ့ torrent ဖိုင်ကို double click နှိပ်လိုက်ရင် utorrent(torrent client) အလိုလိုပွင့်လာပြီး စတင်ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ဒါမှမဟုတ် utorrent ကိုဖွင့်ပြီး file menu အောက်က add a torrent ကိုနှိပ်ပြီး ဒေါင်းထားတဲ့ torrent ဖိုင်ကိုရွေးပေးပြီး ဒေါင်းနိုင်ပါတယ်။
Torrent ဖိုင်တစ်ခု ဒေါင်းလုပ်လျှင်မြန်မှုဟာ share ratio ပေါ်မူတည်သလို သင့်ကွန်နက်ရှင်ပေါ်လည်းမူတည်ပါတယ်။ဒေါင်းလုပ်ပြီးစီးသွားရင် utorrent ကိုပိတ်နိုင်သလို မပိတ်ဘဲထားပြီးတစ်ခြား သူတွေကို ပြန်ပြီး upload လုပ်နိုင်ပါတယ်။
Free Download Nero 12 Platinum (12.0.02900) With Serial And Patch
Nero video,nero kwik media,nero burning rom,nero recode,nero backitup စတဲ့ applications တွေစုံလင်စွာပါရှိတဲ့ complete multimedia suite ပါ။အရင် versions တွေနဲ့ နှိုင်းယှဉ်ကြည့်ဖို့  compare versions page မှာဖတ်ရှုပါ။Nero video ဖြင့် video တွေကို edit လုပ်နိုင်ပါတယ်။video,music ,media ဖိုင်တွေအားလုံးကို nero kiwik media ကနေ ကြည့်ရှုနားဆင်နိုင်ပါတယ်။Nero burning rom ဖြင့် cd,dvd,blu-ray disc တွေကို burn ပေးနိုင်ပါတယ်။Nero recode ဖြင့် video and audio conversion တွေပြုလုပ်နိုင်ပါတယ်။Nero backitup ကတော့ သင့်ဖိုင်တွေကို live backup ပြုလုပ်ပေးနိုင်ပါတယ်။ Video tutorial and Manual တွေကို official nero website မှာလေ့လာနိုင်ပါတယ်။Windows 8 compatible ဖြစ်ပါတယ်။
Nero 12 Platinum features seven of our most popular applications in one convenient bundle. Creative packs and free extension tools make it the complete multimedia suite – and the only one you’ll ever need to burn, edit, backup, rip, convert and play your movies, music and photos.
Applications
Nero Video
Edit videos, author high-quality discs and so much more. Nero Video is the full-featured video editor that is easy for novices to use, while still offering the precision and control desired by more advanced users. Dozens of creative templates make your movies and discs look like they were done by the pros.
Nero Kwik Media
Use Nero Kwik Media to catalog, access, sync and stream all of your movies, videos, photos and music. Its built-in video and audio player can handle just about any disc-based or file-based format.
Nero Burning ROM
Rip Audio CDs, burn and copy CDs, DVDs and Blu-ray Discs™ with the gold-standard burning engine in Nero Burning ROM.
Nero Recode
An extremely powerful, yet simple-to-use application for converting disc- and file-based videos to other formats. Nero Recode supports virtually all of the latest video and audio formats. Plus, it has preconfigured profiles for the most popular home entertainment and mobile devices, so you can get perfect results even if you don’t want to fuss with the details.
Nero BackItUp
With Nero BackItUp, it’s a cinch to disaster-proof your important data. Schedule a routine backup of files, folders or your entire PC and choose from a huge range of supported devices.
Nero RescueAgent
Another layer of protection to help ensure you don’t lose any of your irreplaceable files. Easily recover damaged or corrupted files from your optical disc, PC, USB drives and other media with Nero RescueAgent.
Nero Express
When all you want to do is quickly burn or copy a disc, Nero Express gets the job done reliably, every time.
Download Nero 12 platinum from Directmirror (or) Tusfiles (309) mb
Download key and patch from Dropbox
How To Install Windows From A USB Stick
USB stick ကနေ ၀င်းဒိုးတင်ဖို့ နည်းဝေမျှလိုက်ပါတယ်။ဒီနည်းက သင့်ကွန်ပြူတာမှာ cd/dvd drive မရှိလို့ ဘဲဖြစ်ဖြစ် ၊သယ်ယူရလွယ်ကူတဲ့ USB stick နှင့်သင့်သူငယ်ချင်းတွေဆီကနေ ၀င်းဒိုး ကူးယူလာပြီး အဲဒီ ကနေ ၀င်းဒိုးတင်ချင်လို့ ဘဲဖြစ်ဖြစ်အသုံးဝင်မှာပါ။ အဲဒီ အတွက် Microsoft ရဲ့  Windows 7 USB/DVD Download Tool ကို အ သုံးပြုမှာပါ။ Windows 7 လို့ နာမည်တပ်ထားပေမယ့် windows 8 iso ဖိုင်တွေနဲ့ လည်းအလုပ်လုပ်နိုင်သလို windows xp, vista, 7 တို့ မှာ install လုပ်ပြီးအသုံးပြုနိုင်ပါတယ်။တစ်ခုသတိထားရမှာက အဲဒီ tool က သင့် USB stick ကို ဖော်မက် ချ မှာပါ။အဲဒီအတွက် USB stick ထဲက ဖိုင်တွေကို Backup လုပ်ထားပါ။သင် install လုပ်မယ့် ဝင်းဒိုး ရဲ့  iso ဖိုင်ကို လည်းဖန်တီးရပါမယ်။
Creating A ISO File
အွန်လိုင်းကနေ windows iso ဖိုင်တွေကို ဒေါင်းလုပ်ရရှိထားရင်တော့ ဒီအဆင့်ကို ကျော်နိုင်ပါတယ်။Cd/dvd ခွေကနေ iso ဖိုင်ဖန်းတီးမယ့်သူတွေအတွက် Express Burn , Power ISO တို့ ကို သုံးပါ။ဝင်းဒိုး ခွေကို ထည့်ပြီး အဲဒီ ဆော့ဝဲ တွေ သုံးပြီး create image from cd/dvd ကိုရွေးပြီး iso image ကိုအလွယ်တကူဖန်တီးနိုင်ပါတယ်။
Using Windows 7 USB/DVD Download Tool
Windows 7 USB/DVD download Tool ကို ဒေါင်းလုပ်လုပ်ပြီးရင် install လုပ်ပြီး run ပြီး iso ဖိုင်ကိုရွေးပေးပါ။
USB device ကိုနှိပ်ပါ။
Usb stick ကိုကွန်ပြူတာနဲ့  ချိတ်ဆက်ပြီး Begin copying နှိပ်ပါ။
ဒါဆိုရင်သင့် usb stick ကိုဖောက်မက်ချပြီး windows installer ဖိုင်တွေကိုစတင်ကူးပါပြီ။ပြီးရင်တော့ “Backup completed” ကိုတွေ့ မြင်ရမှာပါ။
Install Windows
USB stick ကနေ ၀င်းဒိုး install လုပ်ဖို့ အတွက် usb stick ထဲက setup.exe ကို run ပြီး install လုပ်ပါ။သင့်ကွန်ပြူတာမှာ ဘာဝင်းဒိုးမှ install လုပ်မထားရသေးတဲ့သူတွေအတွက် Boot order မှာ usb ကနေ boot တက်ပြီး install လုပ်နိုင်ပါတယ်။
How To Stream Audio From Windows To Android
Windows ကွန်ပြူတာကနေဖွင့်ထားတဲ့သီချင်းတွေကို android device တွေမှာနားထောင်လို့ ရအောင်ပြုလုပ်ပေးနိုင်တဲ့ SoundWire ပါ။ဒီလိုပြုလုပ်ဖို့ အတွက် ၀င်းဒိုး ကွန်ပြူတာမှာ soundwire server application ကို သွင်းရမှာဖြစ်ပြီး android device မှာတော့ SoundWire Free Application ကို သွင်း ထား ရ ပါ မယ်။ ပြီး ရင် ကွန် ပြူ တာ က နေ wifi လွှင့်ဖို့  Connectify ကိုလည်းသင့်ကွန်ပြူတာမှာသွင်းထားရပါမယ်။
Applications တွေသွင်းပြီးရင် သင့်ကွန်ပြူတာကနေ wifi လွှင့်ပြီး android device မှာချိတ်ဆက်ထားပါ။ပြီးရင် ကွန်ပြူတာက soundwire server application ကိုဖွင့်ပါ။
Android device က soundwire application ကိုဖွင့်ပြီး server address နေရာမှာ soundwire server application က server address ကိုထည့်ပေးပြီး soundwire ပုံကိုနှိပ်ပေးပါ။ဒါဆိုရင်တော့ သင့်ကွန်ပြူတာက ဖွင့်တဲ့သီချင်းတွေကို android device မှာနားထောင်လို့ ရပါပြီ။
Download SoundWire Server Application(Windows) @ georgielabs.cjb.net/
Download SoundWire Free Application(Android) from 1mobile.com @ www.1mobile.com/soundwire-free-version-445868.html
How To Convert A Video Into GIF Animation Format
Video ဖိုင်တွေကို gif ဖိုင်အဖြစ်ပြောင်းချင်ရင်တော့ freeware တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။Video file တွေဖြစ်တဲ့ mp4,avi,mpeg,wmv စတဲ့ ဖိုင်တွေကို gif ဖိုင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ movie to animated gif converter ပါ။တစ်ခြား movie ဖိုင်တွေကိုအပေါ်ကဖိုင်ဖောက်မက် တွေအဖြစ်ပြောင်းလဲနိုင်ဖို့  Converters တွေလည်းတင်ပေးထားပါတယ်။Movie to animated gif converter ကဖိုင်ဆိုက်ကလည်း (70) kb ၀န်းကျင် သာရှိပြီးသေးငယ်ပြီးအသုံးပြုရတာလွယ်ကူတဲ့  အပြင် Install လုပ်စရာမလို တဲ့ portable အမျိုးအစားပါ။
Movie to animated gif converter ကို run ပြီးရင် Open Movie ကိုနှိပ်ပြီး movie ဖိုင်ကို ရွေးပေးပါ။Movie တစ်ကားလုံးကနေသင်ကြိုက်နှစ်သက်တဲ့အပိုင်းကိုပဲ ရွေးပြီး gif ဖိုင်ပြုလုပ်ဖို့  start point and end point သတ်မှတ်ပေးရမှာပါ။Start point သတ်မှတ်ဖို့  slider bar နှစ်ခုထဲက အပေါ်က slider bar ကိုအသုံးပြုပြီး နေရာရွေးပါ။ပြီးရင် ဘယ်ဘက်ထောင့်က { (start button) ကိုနှိပ်ပါ။End point ကိုသတ်မှတ်ဖို့ ကိုလည်း အပေါ်က slider bar ကိုပဲအသုံးပြုနေရာသတ်မှတ်ပေးပြီး } (end button) နှိပ်ပေးပါ။
Save Frame ကိုနှိပ်ပြီး gif ဖိုင်အနေနဲ့ သိမ်းပါ။Frame size ကို လည်းရွေးနိုင်ပါတယ်။သိမ်းမယ့်နေရာကို ရွေးပေးပြီး ok နှိပ်ပါ။ဖိုင်ဆိုက်အကြီးအသေးပေါ်မူတည်ပြီးအချိန်ကြာမြင့်ပါလိမ့်မယ်။ပြီးရင်တော့ သင့် movie ဖိုင် ဟာ gif ဖိုင်အနေနဲ့ ရရှိပါလိမ့်မယ်။
Download Movie To Animated GIF Converter @ www.evanolds.com/movtogifsimple.html
Security Score : Analyzes & Rates Your PC’s Protection Against Malware
Virus အသစ်တွေဟာနေ့ တိုင်းလိုလို ထွက်ရှိနေတဲ့အတွက် သင့် ကွန်ပြူတာရဲ့  virus ကာကွယ်မှုအပိုင်းကို အမြင့်ဆုံးအနေအထားမှာရောက်အောင် ထားရှိသင့်ပါတယ်။Antivirus and Anti Malware Softwares တွေကိုအသုံးပြုခြင်း၊နေ့ တိုင်း update လုပ်ပေးခြင်းဖြင့် သင့်ကွန်ပြူတာကို ကာကွယ်ထားသင့်ပါတယ်။Security Score ဆိုတဲ့ freeware ကတော့ သင့်ကွန်ပြူတာက security related programs တွေဖြစ်တဲ့ Firewall, Hard Disk Encryption, Patch Management (Windows Updates), Backup, Public File Sharing, Antivirus and Anti-Phishing စတာတွေကို scan လုပ်ပေးနိုင်ပြီး သူတို့ တွေရဲ့ စွမ်းဆောင်မှုတွေကို အမှတ်ပေးတွက်ချက်ပြီး ပိုမိုကောင်းမွန်အောင် အကြံပေးနိုင်ပါတယ်။
Security Score ကို run ပြီး terms and conditions ကို agree လုပ်ပြီးရင် start ကိုနှိပ်ပြီးသင့်ကွန်ပြူတာရဲ့  security score ကိုစတင်တွက်ချက်ခိုင်းလို့ ရပါပြီ။
Scan လုပ်ချိန်ဟာ စက္ကန့် ပိုင်းပဲကြာမြင့်ပြီး သင့် ကွန်ပြူတာရဲ့ အားနည်းတဲ့ အပိုင်းတွေအားသာချက်တွေကို အမှတ်တွေ တွက်ချက်ပြီး ဖော်ပြပေးပါလိမ့်မယ်။
အ ချက် အ လက် အ သေး စိတ်သိနိုင်ဖို့  အ ပိုင်း တစ်ပိုင်းချင်းစီကို click နှိပ်ကြည့်ပါ။ အားနည်းချက်တွေကို အနီရောင်ဖြင့်စာရေးပြသထားပြီး exclamation mark ပေါ်ကို mouse cursor တင်ကြည့်ပြီး လိုအပ်ချက်တွေကို သိရှိပြုပြင်နိုင်ပါတယ်။
Download Security Score @ www.opswat.com/products/security-score
PanicButton : Quickly Hide Chrome Tabs & Restore Them Later With A Password
သင့် ရဲ့  privacy ကိုကာကွယ်ပေးနိုင်တဲ့ chrome extension တစ်ခုပါ။သင့်ရဲ့  online banks ,credit cards စတဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေသိမ်းထားတဲ့ဆိုက်တွေကြည့်နေတုန်း တစ်ခြားတစ်ယောက်ရောက်လာခဲ့ရင် အလျှင်မြန်ဆုံး tabs တွေကို hide လုပ်ပေးနိုင်ပါတယ်။ ပြီးမှ ပြန်ပြီး restore လုပ်ပေးနိုင်တဲ့ chrome extension တစ်ခုပါ။
Extension ကို install လုပ်ပြီးရင် extension page ကိုသွားပြီး PanicButton option ထဲကိုဝင်ပါ။PanicButton ရဲ့  keyboard shortcut ကိုသတ်မှတ်ပေးနိုင်သလို tabs တွေကို restore လုပ်တဲ့အချိန်မှာ password protection ထားနိုင်ပါတယ်။PanicButton နှိပ်လိုက်တဲ့အချိန်မှာ မကွယ်ဝှက်ဘဲထားရှိနိုင်မယ့် safe page တွေကိုလည်းသတ်မှတ်ထားနိုင်ပါတယ်။Tabs တွေကို hide လုပ်ပြီးတဲ့အချိန်မှာ browser မှာ PanicButton ကို ကွယ်ဝှက်ထားချင်ရင်တော့ hide PanicButton toolbar icon after activation ဆိုတဲ့ option မှာ yes ရွေးပေးပါ။
Browser က PanicButton ကိုနှိပ်ပြီး tabs တွေကို hide လုပ်ပြီးရင် restore လုပ်ဖို့ အတွက် PanicButton ကိုပြန်နှိပ်ပြီး password ရိုက်ထည့်ပြီး အလွယ်တကူ restore လုပ်နိုင်ပါတယ်။
Checkout PanicButton @ https://chrome.google.com/webstore/detail/faminaibgiklngmfpfbhmokfmnglamcm
Simple Startup Password : Set A Password On Your Google Chrome Browser
Browser မှာအရေးကြီးတဲ့သတင်းအချက်အလက်တွေ သိမ်းထားပြီးတစ်ခြားသူတွေကို အသုံးမပြုစေချင်ရင်တော့ browser ကို password ခတ်ပြီးအသုံးပြုပါ။ဒီလိုအသုံးပြုနိုင်ဖို့ ကူညီပေးနိုင်တဲ့ simple startup password ဆိုတဲ့ google chrome extension ရှိပါတယ်။ Chrome browser အတွက်ပဲ အသုံးပြုနိုင်သေးပြီး firefox user တွေအတွက်တော့ မထွက်ရှိသေးပါဘူး။
Simple startup password ကို chrome မှာ သွင်းပြီးရင်တော့ extension page ကိုသွားပြီး simple startup password ရဲ့  option ထဲဝင်ပြီး password ပေးပါ။ပြီးရင်တော့ chrome browser ကိုဖွင့်တိုင်း password တောင်းမှာပါ။အဲဒီအတွက်သင့် browser ကို တစ်ခြားသူတွေအသုံးမပြုနိုင်တော့ပါဘူး။
Checkout Simple Startup Password @ https://chrome.google.com/webstore/detail/ojoalkffommhmdmbohjphohoejjmgepc
APK Batch Installer
Android device application တွေဖြစ်တဲ့ (.apk) ဖိုင်တွေကို ကွန်ပြူတာကနေ အများအပြားတစ်ခါတည်း install လုပ်ပေးနိုင်တဲ့ windows software ပါ။Application တွေကို sd card မှာဒါမှမဟုတ် internal memory မှာ install လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။ဒါ့အပြင် android က application တွေ ရဲ့  (.apk) ဖိုင်တွေကို computer မှာ backup လုပ်ပေးနိုင်ပါတယ်။ကွန်ပြူတာက (.apk) ဖိုင်တွေကို batch rename လုပ်ပေးနိုင်ပါတယ်။Application data backup and restore လည်းလုပ်ပေးနိုင်ပါတယ်။SMS backup and restore feature လည်းပါရှိပါတယ်။
ဒီဆော့ဝဲကို အသုံးပြုဖို့ အတွက်သင့် android device ဟာ root လုပ်ပြီးသားဖြစ်ရပါမယ်။Android device ရဲ့  setting>application>development>usb debugging ရဲ့  check box မှာအမှန်ခြစ်ပေးထားရပါမယ်။
Apk batch installer က freeware ပါ။Developer site မှာ latest version ကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Download apk batch installer latest version @ forum.xda-developers.com/showthread.php?t=1531880
Download apk batch intaller (1.4.1) @ Dropbox (or) Directmirror
Tips To Speed Up Your Computer’s Boot Time
ကွန်ပြူတာ boot time ကိုမြန်အောင်လုပ်ဖို့ နည်းလမ်းများကို အင်တာနက် မှာရှာပြီးတော့ အကောင်းဆုံး အကြိုက်ဆုံးနည်းတွေကို မျှဝေလိုက်ပါတယ်။Windows startup program တွေကို disable လုပ်ခြင်း၊startup မှာ run တဲ့ services တွေကို delay လုပ်ပေးခြင်း၊BIOS setting မှ boot order ကိုပြင်ခြင်း၊အသုံးမပြုတဲ့ drivers တွေကို disable လုပ်ခြင်း၊ကွန်ပြူတာကို လေးလံစေမယ့် malware တွေကို ရှင်းပေးခြင်း၊အသုံးမပြုတဲ့ ဖောင့်တွေကို ရှင်းထုတ်ခြင်း၊PC optimization softwares တွေကို မှန်မှန်ကန်ကန်နဲ့ အမြဲအသုံးပြုပေးခြင်းဖြင့် သင့်ကွန်ပြူတာရဲ့ boot time ကိုလျှင်မြန်စေနိုင်ပါတယ်။
Tweak Your BIOS
သင့်ကွန်ပြူတာ boot တက်တဲ့အချိန်မှာ BIOS setting ထဲက boot order priority အရ detect လုပ်ပြီး boot တက်တာဖြစ်ပါတယ်။ှသင့်ကွန်ပြူတာ boot တက်တာဟာ hard disk ကနေဖြစ်တဲ့အတွက် BIOS setting ထဲဝင်ပြီး boot order မှာ hard disk ကိုအပေါ်ဆုံးမှာထားပေးပါ။တစ်ခြား boot device တွေကို အပေါ်ဆုံးမှာထားရင် detect လုပ်နေရတဲ့ အချိန်ကုန်စေတဲ့အတွက် boot speed ကိုနှေးစေပါတယ်။ဒီလို လုပ်ဖို့  ကွန်ပြူတာ boot တက်လာချိန်မှာ setup ထဲဝင်မယ့် key ကိုနှိပ်ပြီး boot order မှာ သင့် hard disk ကိုအပေါ်ဆုံးမှာထားပေးပါ။
Cleanout Programs That Launch At Startup
Startup programs တွေကို disable လုပ်ဖို့ အတွက် start menu ကနေ msconfig လို့ ရိုက်ပြီး msconfig.exe ကိုဖွင့်ပါ။Startup menu ထဲကမလိုအပ်တဲ့ programs တွေကို အမှန်ခြစ်ဖြုတ်ပြီး apply နှိပ်ပါ။
Delay Windows Services That Launch At Startup
Windows services တွေ၊ application တွေရဲ့  services တွေကို delay startup လုပ်ပေးခြင်းဖြင့်လည်း boot time ကိုလျှင်မြန်စေပါတယ်။ဒီလိုလုပ်ဖို့  Tools menu ကိုသွားပြီး computer management ကိုရွေးပြီး launch ကိုနှိပ်ပါ။
ပြီးရင် services and applications အောက်က services ကို double click နှိပ်ပါ။သင်ဟာ windows services တွေအကြောင်းကောင်းကောင်းမသိရင်တော့ third party application တွေရဲ့  services တွေကို ပဲရွေးချယ်ပြီး delay start လုပ်ပေးသင့်ပါတယ်။သင် delay လုပ်ချင်တဲ့ service ကို double click နှိပ်ပြီး startup type မှာ Automatic (Delayed Start) ကိုရွေးပေးပြီး apply နှိပ်ပါ။
Disable Unused Hardware
သင့်ကွန်ပြူတာ boot တက်တဲ့အချိန်မှာ drivers တွေအတော်တော်များများ ကို load လုပ်ပါတယ်။အသုံးမပြုတဲ့ hardware တွေကို disable လုပ်ပေးခြင်းဖြင့် boot speed ကိုမြှင့်တင်နိုင်ပါတယ်။ဒီလိုလုပ်ဖို့ အတွက် start menu ကနေ device manager လို့ ရိုက်ပြီး device manager ကို ဖွင့်ပါ။ သင်ဟာ bluetooth , modem ,floppy disk တွေအသုံးမပြုဘူးဆိုရင် အဲဒီ device အပေါ်မှာ right click နှိပ်ပြီး disable နှိပ်ပါ။
Remove Unnecessary Fonts
Windows startup မှာဖောင့်တွေကို လည်း load လုပ်ပါတယ်။သင်အသုံးမပြုတဲ့ ဖောင့်တွေကို hide လုပ်ပေးခြင်းဖြင့် သင့် boot speed ကို ပိုမိုမြန်စေပါတယ်။ကျွန်တော့် စက်ထဲမှာတော့ ဖောင့်အမျိုးအစား (556) မျိုး တွေ့ ရပါတယ်။အသုံးမပြုတဲ့ဖောင့်အတော်များများကို ရွေးပြီး hide လုပ်ပေးပါ။ဒီလို လုပ်ဖို့  start menu ကနေ fonts လို့ ရိုက်ပြီး fonts folder ကိုသွားပါ။ပြီး ရင် အသုံးမပြုတဲ့ဖောင့်တော်တော်များများကို ရွေးပြီး hide ကိုနှိပ်ပါ။
Keep Your Antivirus Running And Up To Date
သင့်စက်ထဲမှာ virus,malware တွေရှိနေရင်လည်းသင့်စက် boot speed ကိုနှေးကွေးစေပါတယ်။အဲဒီအတွက် antivirus and anti malware ကောင်းကောင်းတွေကို အသုံးပြုပြီး virus definition တွေကို အမြဲ update လုပ်ပေးပြီး အမြဲ scan လုပ်ပေးသင့်ပါတယ်။Antivirus and Anti Malware Softwares တွေကိုတင်ပေးထားပါတယ်။ကြိုက်နှစ်သက်ရာရွေးချယ်အသုံးပြုပါ။
PC Optimization Softwares
PC Optimization Softwares တွေကို တင်ပေးထားပါတယ်။ အဲဒီဆော့ဝဲတွေကိုသုံးပြီး ကွန်ပြူတာကို နေ့ စဉ် maintenance လုပ်ပေးပါ။အဲဒီထဲကမှ CCleaner နဲ့  Tuneup Utility 2013 ဟာကျွန်တော့် personal favourite ပါ။CCleaner ဟာ ပေါ့ပါးလျှင်မြန်ပြီး registry ,temporary file တွေကိုရှင်းပေးနိုင်လို့ နာမည်ကြီးပါတယ်။Tuneup Utility ရဲ့  features တွေထဲက favourite feature နှစ်ခုအကြောင်းပြောချင်ပါတယ်။Tuneup start center ကိုဖွင့်ပြီးရင် အောက်က window ပေါ်လာမှာပါ။
Disable programs
အဲဒီကနေ Disable programs ကိုနှိပ်ပြီးသင် နေ့ စဉ်အသုံးပြုနေကျ နဲ့  မရှိမဖြစ် run နေရမယ့် program တစ်ချို့ ကိုပဲ ချန်ထားပြီး ကျန်တဲ့ program တွေအားလုံးကို disable လုပ်ပေးပါ။Tuneup Program Deactivator ကသင်အသုံးမပြုတဲ့ program တွေ background မှာ မ run နိုင်အောင်သတ်ပေးထားပါလိမ့်မယ်။အဲဒီအတွက်သင့်စက်ကို အလွန်လျှင်မြန်လာစေတာတွေ့ ရပါမယ်။Disable လုပ်ထားတဲ့ program ကို အသုံးပြုချင်ရင် ပုံမှန်အတိုင်းပဲ run ပြီးအသုံးပြုနိုင်ပါတယ်။
Disable startup programs
ပြီးရင် tuneup start center main window ကိုပြန်သွားပြီး disable startup programs ကိုနှိပ်ပါ။မရှိမဖြစ် run နေရမယ့် startup program တစ်ချို့ ကိုပဲ ချန်ထားပြီး ကျန်တဲ့ program တွေအားလုံးကို disable လုပ်ပေးပါ။သင့် ကွန်ပြူတာ ရဲ့  boot speed မြန်ဆန်လာတာတွေ့ ရမှာပါ။
အပေါ်ကနည်းလမ်းတွေကိုအသုံးမပြုခင်နဲ့ အသုံးပြုပြီးသင့်ကွန်ပြူတာ ရဲ့ boot speed ဘယ်လောက်တက်လာသလဲသိရအောင် အချိန်တိုင်းတာပေးတဲ့ BootRacer ဆော့ဝဲအကြောင်းရေးထားတဲ့ BootRacer : Test Your Windows Boot Speed ကိုဖတ်ပြီး သင့်ကွန်ပြူတာရဲ့  boot speed တွေကို မှတ်တမ်းတင်ပြီး နှိုင်းယှဉ်ကြည့်ပါ။
BootRacer : Test Your Windows Boot Speed
သင့် ၀င်းဒိုး ကွန်ပြူတာရဲ့  boot speed ကို တွက်ချက်ပေးနိုင်တဲ့ freeware ပါ။ Boot Speed တွေကို record လုပ်ပေးထားပြီး history ထဲဝင်ပြီး နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။Windows 2000/XP/2003/Vista/2008/Seven/Windows 8(32 or 64 bit)စတဲ့ os တွေကို support ပေးပါတယ်။PC Optimization Softwares တွေကို တင်ပေးထားပါတယ်။အဲဒီဆော့ဝဲတွေကို အသုံးပြုပြီး သင့်ကွန်ပြူတာရဲ့ boot speed ကိုမြန်ဆန်အောင်ပြုလုပ်ပြီး BootRacer ကနေ နှိုင်းယဉ်ကြည့်ရှုနိုင်ပါတယ်။
Program ကိုဖွင့်ပြီး Start ကိုနှိပ်လိုက်ရင် Restart လုပ်ခိုင်းတဲ့ ၀င်းဒိုးပေါ်လာပြီး restart လုပ်ပြီး သင့် boot speed ကိုတွက်ချက်ပေးပါလိမ့်မယ်။Advanced setting ထဲက option ထဲမှာတော့ boot လုပ်တဲ့အခါတိုင်း BootRacer ကို တွက်ချက်ခိုင်းမလား၊တစ်ခါပဲသုံးမလားရွေးချယ်နိုင်ပြီး၊boot တက်တဲ့အချိန်မှာ BootRacer Window ကို ပြခိုင်းမလား ၊ background မှာ run ခိုင်းမလားစတာတွေ ရွေးချယ်နိုင်ပါတယ်။
History ကိုနှိပ်ကြည့်ရင် boot speed record ကိုပြပေးထားပြီးနှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ပုံမှာမြင်ရတာကတော့ ကျွန်တော့် ကွန်ပြူတာရဲ့  startup program ,services တွေကို disable မလုပ်ခင်နဲ့ လုပ်ထားပြီး boot speed ကောင်းလာပုံ ကို နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။
Logon user name and password ကိုရိုက်ရတာအချိန်ကြာပါတယ်။ အဲဒီအတွက် make windows 7 & vista logon automatically ဆောင်းပါးမှာဖတ်ပါ။ဒါမှမဟုတ် Auto logon for windows ဆိုတဲ့ freeware ကိုသုံးပါ။ BootRacer ကို official site မှာ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Official site အကြောင်းအမျိုးမျိုးကြောင့်ပိတ်သွားရင် ဖြစ်ဖြစ် ၊freeware မဟုတ်တော့ဘဲ ပိုက်ဆံပေးဝယ်ရတဲ့ version ဖြစ်သွားရင်ဖြစ်ဖြစ် အသုံးပြုနိုင်အောင် ကျွန်တော့်  file hosting site မှာလည်းတင်ပေးထားပါမယ်။အဆင်ပြေတဲ့နေရာကဒေါင်းပြီး သင့် windows boot speed ကိုစမ်းသပ်ပြီးပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ပါပြီ။Boot speed မြန်မြန်နဲ့ ကွန်ပြူတာအသုံးပြုနိုင်ကြပါစေ။
Download BootRacer Latest Version @ Official Site
Download BootRacer 4.0 @ Dropbox (or) Directmirror (2.42) mb