Showing posts with label Android. Show all posts
Video Converter Android Pro 1.5.5 Full Version
သင့် Android phone က support မပေးတဲ့ video file တွေကို တစ်ခြားဖိုင်ဖောက်မက် တွေ အဖြစ် convert လုပ်ပေးနိုင်ပါတယ်။သင့်ဖုန်းမှာ ရှိတဲ့ video files တွေ အားလုံးကို scan လုပ်ပြီးရှာပေးနိုင်ပါတယ်။ပြောင်းပေးနိုင်တဲ့ video ဖိုင်ဖောက်မက်တွေ ကတော့ mp4,3gp,avi,vob တို့ ဖြစ်ပါတယ်။ဒါ့အပြင် ဖိုင်ဆိုက်တွေ ကို လျှော့ချပြီး ပြောင်းလဲပေးနိုင်သလို quality မကျစေဘဲ လည်း ပြောင်းလဲပေးနိုင်ပါတယ်။Video file ကနေ audio file အဖြစ်လည်းပြောင်းပေးနိုင်ပါတယ်။
Browse ကို နှိပ်ပြီး video ဖိုင်တွေကို manual လိုက်ရှာနိုင်သလို Videos ကို နှိပ်ပြီး Video ဖိုင်တွေ ကို ရှာဖွေနိုင်ပါတယ်။
သင်ပြောင်းချင်တဲ့ဖိုင် ကို tap လုပ်ပြီး select လုပ်ပါ။ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်းရွေးချယ်ပြီးလည်းပြောင်းနိုင်ပါတယ်။ပြီးရင် Convert ကို နှိပ်ပါ။
နောက်တစ်ဆင့်မှာ Default ကို နှိပ်ပြီး Reduce Size (pro) ,Keep Quality (pro),Manual,Audio Only (pro) စတာတွေကို ရွေးချယ်နိုင်ပါတယ်။ဖိုင်ဆိုက်ကို လျှော့ချပြီး ပြောင်းလဲချင်ရင်တော့ Reduce Size ကို ရွေးပါ။နဂိုမူလ ဖိုင်ရဲ့  quality အတိုင်းလို ချင်ရင်တော့ Keep Quality ကို ရွေးပါ။Manual ကို ရွေးချယ်ပြီးသင့်စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။Audio ပဲလို ချင်ရင်တော့ Audio Only ကို ရွေးပါ။
Container ကိုနှိပ်ပြီး သင်ပြောင်းချင်တဲ့ဖိုင်ဖောက်မက်ကို ရွေးချယ်ပါ။ပြီးရင် Start ကို နှိပ်ပါ။
Convert လုပ်ပြီးရင် Converted ကို နှိပ်ပြီး video file တွေကို ကြည့်နိုင်ပါပြီ။
Download Video Converter Pro 1.5.5 Full Version Dropbox (or) Mirrorcreator
GOM Remote : Control GOM Player From IPhone & Android
GOM Player ဟာ free media player တစ်ခု ဖြစ်ပြီး အကောင်းဆုံး media player တွေ ထဲက တစ်ခု ပါ။GOM Lab ကမကြာသေးမီက သင့် ကွန်ပြူတာ က GOM Player ကို သင့် IPhone , Android Phone တွေ ကနေ control လုပ်ပေးနိုင်မယ့် GOM Remote ဆို တဲ့ applications တွေကို အခမဲ့ ဖြန့် ဝေခဲ့ပါတယ်။ဒီလို ထိန်းချုပ်နိုင်ဖို့ အတွက် သင့်ကွန်ပြူတာနဲ့  IPhone , Android Phone တွေ ဟာ တူညီတဲ့ network တစ်ခု တည်းမှာ ရှိရပါမယ်။သင့်ကွန်ပြူတာကနေ wifi လွှင့်ဖို့ အတွက် Connectify Hotspot Pro ကို သုံးပါ။
GOM Remote application ကို သုံးပြီး ထိန်း ချုပ်ခိုင်းစေနိုင်မယ့် အရာတွေ ကတော့
Run and close GOM Player
Open new files
Take snapshot of running video
Mute the audio
Quickly play/pause running video
Change volume
Minimize screen
Switch to full screen
Change aspect ratio
Turn on/off subtitles
Open and configure subtitle
Control GOM Audio
Control PowerPoint presentations
ပထမဆုံး သင့်ကွန်ပြူမှာ GOM Tray ဆို တဲ့ application ကို ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ရပါမယ်။အင်စတောလုပ်ပြီးရင် သင့်ကွန်ပြူတာနဲ့ သင့် ရဲ့  IPhone,Android Phone နဲ့ ချိန်ဆက်ဖို့  Pairing Key ကို ရရှိပါမယ်။အဲဒီ ကီး ကို သင်မှတ်ထားစရာမလို ပါဘူး။System tray က GOM tray အိုင်ကွန်ကို mouse cursor ထောက်ကြည့်ရင် IP နဲ့  pairing key ကို တွေ့ မြင်နိုင်ပါတယ်။
GOM Remote ကို သင့် IPhone , Android Phone မှာ အင်စတောလုပ်ဖို့  သက်ဆိုင်ရာ Application Store တွေ ကနေ ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ပါ။New Connection ကိုနှိပ်ပါ။
နောက်အဆင့်မှာ သင့်ကွန်ပြူတာရဲ့  IP ကို ထည့် ပြီး connect လုပ်နိုင်သလို Pairing Key ကို ထည့် ပြီးလည်း connect လုပ်နိုင်ပါတယ်။System Tray က GOM Tray အိုင်ကွန်ကို mouse cursor ထောက်ကြည့်ရင် IP , Pairing Key တွေ ကို တွေ့ မြင်နိုင်ပါတယ်။
GOM Player နဲ့  GOM Remote ချိတ်ဆက်မိသွားရင်တော့ GOM Player ကို သင့် IPhone , Android Phone တွေကနေ သင်ထိန်းချုပ်နိုင်ပါပြီ။GOM Remote ကို အသုံးပြုတိုင်း IP , Pairing Key တွေကို သင်ထည့်ပေးစရာမလို ဘဲ Recent Connections ကနေ အသုံးပြုနိုင်ပါတယ်။
GOM Remote က GOM Media Player သာမက GOM Audio Player , PowerPoint Presentation စတာတွေကို ပါ ထိန်းချုပ်နိုင်ပါသေးတယ်။
Root App Delete (Uninstaller)
Android devices တွေက system applications တွေကို ဖြုတ်ပေးနိုင်တဲ့ application တစ်ခုပါ။ဒီ application ကို သုံးဖို့ သင့် android device ဟာ root လုပ်ထားဖို့ လို ပါတယ်။Android device တွေကို root လုပ်ပေးနိုင်တဲ့ One click root tool တွေ ဖြစ်တဲ့ Unlock Root နဲ့ SRS Root ကို တင်ထားပေးပါတယ်။
Root App Delete (Uninstaller) ကနေ SysApp ကှိုနှိပ်ရင် သင့် ဖုန်း က system applications တွေကို တွေ့ မြင်နိုင်ပြီးသင်ဖြုတ်ချင်တဲ့ system application ကို တစ်ချက်နှိပ်ပါ။ပြီးရင် Disable ကိုနှိပ်ပါ။
Recycler ကို နှိပ်ပါ။အဲဒီ မှာ သင် အပေါ်မှာ disable လုပ်ထားတဲ့ system application ကို တွေ့ ရမှာဖြစ်ပြီး တစ်ချက်နှိပ်ပါ။Uninstall ကိုနှိပ်ပြီး ဖြုတ် နိုင်သလို Enable ကို နှိပ်ပြီး ပြန်အသုံးပြုနိုင်ပါတယ်။
How To Factory Reset Your Phone Or Tablet When It Won’t Boot
သင့် Android Device က boot မတက်တော့ရင်ဖြစ်ဖြစ်၊Pattern Lock or Password မေ့လို့ ပဲဖြစ်ဖြစ် သင့်ဖုန်းကိုသုံးလို့ မရတော့ဘူးဆိုရင် Recovery Mode ထဲဝင်ပြီး Factory Reset ချလို့ ရပါတယ်။အဲဒီအတွက် ဖုန်းဆိုင်ကိုပိုက်ဆံသွားပေးစရာမလိုတော့ပါဘူး။Factory Reset ချရင် သင့်ဖုန်းက Data တွေ အားလုံးဆုံးရှုံးသွားမှာဖြစ်လို့  သင့်ဖုန်းကို အသုံးပြုလို့ ရနေတဲ့ အချိန်တွေ မှာ အမြဲတစေ Backup လုပ်ထားဖို့ အကြံပေးပါတယ်။
If You Can’t Boot
Boot မတက်တော့တဲ အချိန်မှာ သင့်ဖုန်းကို factory reset ချဖို့ recovery mode ထဲဝင် ရပါမယ်။အဲဒီလို ၀င်ဖို့ သင့်ဖုန်းကို shut down ချထားပါ။Recovery Mode ထဲ ၀င်ဖို့ နှိပ်ရမယ့် ကီးတွေ က ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူပါဘူး။ကျွန်တော် ရှာတွေ့ ထားတဲ့ကီးတွေကို အောက်မှာရေးပေးထားပါတယ်။သင့်ဖုန်းအမျိုးအစား က ကျွန်တော် ရေးပေးထားတဲ့ အထဲမှာ မပါရင် Google ကနေ ရှာဖွေ ပြီးစမ်းကြည့်ပါ။ကီးတွေ ကို စုံနှိပ်ပြီး စက္ကန့် အနည်းငယ်ကြာအောင်ဖိထားရင် recovery mode ထဲရောက်သွားပါမယ်။
သင့်ဖုန်း recovery mode ထဲရောက်သွားရင် wipe data/factory reset ကို ရွေးပြီးနှိပ်ပါ။Confirm လုပ်ခိုင်းရင် Yes နှိပ်ပေးပါ။
If You Can Boot
သင့်ဖုန်း boot တက်နေတယ်ဒါပေမယ့် အလုပ်ကောင်းကောင်းမလုပ်တော့တဲ့ အနေအထားဆိုရင် factory reset ချနိုင်ပါတယ်။ factory reset ချဖို့ အတွက် Settings>Privacy(or)Personal ထဲသွားပြီး Factory Data Reset ကိုနှိပ်ပေးပါ။ဒါဆိုရင်သင့်ဖုန်းကို စက်ရုံကထုတ်တဲ့ အသစ်စက်စက်အနေအထားအတိုင်းပြန်အသုံးပြုလို့ ရပါပြီ။
Unlock Root Pro 3.36 With Patch
Android devices တွေကို လွယ်လွယ်ကူကူ နဲ့  root လုပ်ပေးနိုင်တဲ့ one click root tool တစ်ခုပါ။Supported model တွေကို www.unlockroot.com မှာ ကြည့်နိုင်ပါတယ်။Root မလုပ်ခင် အရင်ဆုံးသင့် android device ကို backup လုပ်ထားဖို့ အကြံပေးပါတယ်။Unlock Root နဲ့  အလားတူ SRS Root ကို လည်းတင်ထားပေးပါတယ်။SRS Root က freeware ဖြစ်ပြီး Unlock Root ကတော့ Patch နဲ့ Pro Version ဖြစ်အောင်ပြုလုပ်ရမှာပါ။
အရင်ဆုံးသင့်ဖုန်းမှာ Settings>Applications အောက် က Unknown sources ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပါ။
ပြီးရင် Settings>Applications>Development အောက်က USB debugging ဆိုတဲ့ check box ကို အမှန်ခြစ်ပေးပါ။
Android device ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။သင့်ကွန်ပြူတာ မှာ Unlock Root ကို အင်စတောလုပ်ပြီးရင် run ပါ။ သင့် device ကို unlock root က သိရှိပြီးရင် Root ကိုနှိပ်ပါ။
Unlock Root ကို အသုံးပြုတိုင်း serial တောင်းနေမှာဖြစ်ပြီး ပေးထားတဲ့ serial ကို အသုံးပြုပါ။
Download Unlock Root Pro 3.36 With patch and serial (37) mb from Dropbox (or) Mirrorcreator
How To Install Windows From Your Phone
How To Install Windows From A USB Stick ဆိုတဲ့ ဆောင်းပါးကို ရေးပေးပြီးပါပြီ။အခုတစ်ခါတော့ သင့် android phone ကနေ windows ကို အင်စတောလုပ်ဖို့ နည်းကို ရေးပေးပါမယ်။ Windows installer disc ကို သင့် ဖုန်း မှာ ဆောင်သွားသလို ပါပဲ ။အဲဒီလို ဆောင်ထားတဲ့အတွက် သင့်ဖုန်းကနေပဲ ၀င်းဒိုး အင်စတောလုပ်တာတွေ၊ ၀င်းဒိုးကို repair လုပ်တာတွေ၊system restore လုပ်တာတွေ၊၀င်းဒိုးကပြဿနာတွေကို အဖြေရှာတာတွေ၊Boot မတက်တော့တဲ့ ကွန်ပြူတာကဖိုင်တွေကို ပြန်လည်ရှာဖွေ သိမ်းဆည်း တာတွေ ကို ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် DriveDroid ဆို တဲ့ android application ကိုသုံးပါမယ်။သင့်ဖုန်းဟာ root လုပ်ထားဖို့ လို ပါတယ်။နောက်ပြီး DriveDroid က android 2.2 နဲ့ သူ့ အထက်မှာ ပဲအလုပ်လုပ်ပါတယ်။
သင့်မှာလိုအပ်တာတွေက
DriveDroid (Google Play Store) (or) DriveDroid 0.7.2 (My Dropbox)
4GB free space on your Android phone(Rooted)
A Windows 7 installation disk or ISO (ဒီဆောင်းပါးမှာတော့ သင့်ဖုန်းကနေ Windows 7 ကိုအင်စတောလုပ်နည်းကို ရေးဖို့ အတွက် Windows 7 ကိုသုံးမှာပါ။တစ်ခြား Windows OS တွေကိုလည်းသုံးနိုင်ပါတယ်။)
A PC with Windows 7 and 7-zip installed (Windows Installer Disc ကို အသုံးပြုမယ့်သူတွေအတွက် 7-zip မလို ပါ။)
Diskpart utility (Windows 7 မှာ နဂိုပါပြီးသားဖြစ်ပြီး မရှိရင် Download လုပ်ပါ။)
Image Creation
သင့်ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။သင့်ဖုန်းက DriveDroid ကို run ပြီး preferences ထဲက USB Mass Storage(UMS) ဆိုတဲ့ check box မှာအမှန်ခြစ်ပေးပါ။
ပြီးရင် + button ကိုနှိပ်ပြီး Create blank image ကိုနှိပ်ပါ။Windows 7.img လို့ နာမည်ပေးပြီး 3500 MB လို့ ဆိုက်သတ်မှတ်ပေးပါ။Partition table(MBR) ဆိုတဲ့ check box မှာ အမှန်ခြစ်ဖြုတ်ပေးပါ။နောက်ပြီး file system ဆိုတဲ့ dropdown arrow ကိုနှိပ်ပြီး None ရွေးပေးပါ။ပြီးရင် Create image ညာဘက်က အမှန်ခြစ်ပုံကို နှိပ်ပါ။
ဒါဆိုရင် background မှာ blank image တစ်ခု ဖန်တီးနေပြီး notification bar ကိုဆွဲချပြီးကြည့်ရှုနိုင်ပါတယ်။
Partitioning and Formatting
DriveDroid ကနေပြုလုပ်ပြီးတဲ့ blank image ကို တစ်ချက်နှိပ်ပါ။Option မှာ (read-write) ကိုရွေးပေးပါ။Windows က format ချဖို့ အသိပေးမှာဖြစ်ပြီး Cancel ကိုနှိပ်ပါ။
Start menu ကနေ cmd.exe လို့ ရိုက်ပြီး command prompt ကိုဖွင့်ပါ။ပြီးရင် diskpart လို့ ရိုက်ပြီး enter ခေါက်ပါ။
ချိတ်ဆက်ထားတဲ့ disk တွေကို တွေ့ ရဖို့  list disk ဆိုတဲ့ command ရိုက်ပေးပါ။
ပြုလုပ်ထားတဲ့ 3500 mb ဆိုက်ရှိတဲ့ Disk 3 ကို တွေ့ မြင်ရပြီး select disk 3 ကို ရိုက်ပါ။
နောက်တစ်ဆင့်မှာ clean လို့ ရိုက်ပါ။
နောက်တစ်ဆင့်မှာ create partition primary လို့ ရိုက်ပါ။
format fs=ntfs quick လို့ ရိုက်ပြီး ntfs file system အနေနဲ့ format ချပါ။
ပြီးရင် active လို့ ရိုက်ပေးပါ။
exit ရိုက်ပြီး command prompt ကိုပိတ်ပါ။
Copying Files
ဒါဆိုရင် ntfs file system format ပြုလုပ်ပြီးတဲ့ disk တစ်ခုရရှိပါပြီ။ဒီဆောင်းပါးမှာတော့ပြုလုပ်ထားတဲ့ disk ဟာ disk G ပါ။
သင့်မှာ windows installer disc ရှိရင်တော့ အဲဒီ disc ထဲက ဖိုင်တွေကို ပြုလုပ်ထားတဲ့ disk ထဲကို ကော်ပီကူးထည့်ပါ။ISO ဖိုင်အသုံးပြုသူတွေ အတွက် ISO ဖိုင်ကို right click နှိပ်ပြီး 7-zip>Extract files ကိုနှိပ်ပါ။
Destination ကို ပြုလုပ်ထားတဲ့ Disk ကို ရွေးပေးပါ။
ဖိုင်တွေကို extract လုပ်ပြီးရင်တော့ disk ထဲကို ၀င်ကြည့်ရင်အောက်ကပုံမှာလို တွေ့ ရမှာပါ။
ဒါဆိုရင် သင့်ဖုန်း ကနေ windows အင်စတောလုပ်ဖို့ ပြုလုပ်ပြီးပါပြီ။သင်အင်စတောလုပ်ချင်တဲ့ကွန်ပြူတာ က BIOS setting မှာ USB ကနေ boot တက်ဖို့ ရွေးပေးပြီး ၀င်းဒိုးအင်စတောလုပ်လို့ ရပါပြီ။