Posted by : Thu Ya Tuesday, April 2, 2013
1
Internet သုံးသူတွေ အနေနဲ့  Google ရဲ့  Services တွေ နဲ့ မလွတ်ကင်းနိုင်ပါဘူး။Google Services တွေ က အများကြီးရှိပြီး ကျွန်တော်တို့ မသိတဲ့ services တွေ လည်း ရှိပါသေးတယ်။အဲဒီ Google Services တွေအားလုံးကို သင့် browser မှာ bookmark မှတ်ပြီးသိမ်းမယ်ဆို နေရာ တော်တော် ယူမှာပါ။အဲဒီ Services တွေအားလုံးကို shortcut icon တစ်ခု တည်းကနေသုံးလို့ ရရင် သင့် browser မှာ နေရာ ရှုပ်တာသက်သာပြီးအဆင်ပြေစေပါတယ်။အခုဆောင်းပါးမှာ  firefox , chrome browser တွေ အတွက် google shortcut ကို အသုံးပြုနိုင်မယ့် extension, add-on တွေကို ရေးပေးပါမယ်။
Shortcuts for Google (Chrome Extension)
Shortcuts for Google ကို Chrome မှာ အင်စတောလုပ်ပြီးရင် Shortcuts for Google icon ကို chrome မှာ မြင်တွေ့ နိုင်ပါတယ်။အဲဒီ အိုင်ကွန်ကို နှိပ်ရင် google services တွေကို တွေ့ မြင်နိုင်ပြီးလွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။
ashampoo 06
ashampoo 08
Google Shortcuts (Firefox Add-On)
Firefox browser မှာ Google Shortcuts ကို အင်စတောလုပ်ပြီးရင် google shortcuts icon ကို နှိပ်ပြီး google services တွေကို လွယ်လွယ်ကူကူနဲ့ သုံးနိုင်ပါတယ်။
ashampoo 09
Google Shortcuts Settings ကို နှိပ်ပြီး သင်မသုံးတဲ့ services တွေကို ဖြုတ်နိုင်သလို အသုံးပြုချင်တဲ့ services တွေကို ထည့်သွင်းနိုင်ပါတယ်။Services selection က All available services ထဲက သင်သုံးချင်တဲ့ service ကို ရွေးချယ်ပြီး ညာဘက်လှည့် နေတဲ့ မျှားကို နှိပ်ပြီး Show the following services ထဲကို ပြောင်းနိုင်ပါတယ်။အပြန်အလှန်အားဖြင့် သင်မသုံးချင်တဲ့ service ကို Show the following services ထဲက နေ ရွေးချယ်ပြီး ဘယ်ဘက်လှည့်နေတဲ့မျှားကို နှိပ်ပြီးဖယ်ရှားနိုင်ပါတယ်။
ashampoo 10
Advanced options ထဲမှာ တော့ Google Shortcuts ကို toolbar အနေနဲ့ သုံးနိုင်သလို Dropdown Menu အနေနဲ့ လည်းသုံးနိုင်ပါတယ်။ကျွန်တော် ကတော့ နေရာလည်း သက်သာ  မျက်စိရှုပ်လည်းသက်သာတဲ့ Dropdown Menu ကို သုံးပါတယ်။ပြီးရင် Save settings ကို နှိပ်ပါ။
ashampoo 11
Leave a Reply
Subscribe to Posts | Subscribe to Comments
Blogger Tricks
Popular Post
Blogger templates
Footer Widget 1
Text here
More Text
Total Pageviews (01/03/2012)
Footer Widget 3
ADVERTISMENT
Pages
Poll
Footer Widget 2
Powered by Blogger.
Followers
- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -