Posted by : Thu Ya Thursday, February 28, 2013

1

How To Install Windows From A USB Stick ဆိုတဲ့ ဆောင်းပါးကို ရေးပေးပြီးပါပြီ။အခုတစ်ခါတော့ သင့် android phone ကနေ windows ကို အင်စတောလုပ်ဖို့ နည်းကို ရေးပေးပါမယ်။ Windows installer disc ကို သင့် ဖုန်း မှာ ဆောင်သွားသလို ပါပဲ ။အဲဒီလို ဆောင်ထားတဲ့အတွက် သင့်ဖုန်းကနေပဲ ၀င်းဒိုး အင်စတောလုပ်တာတွေ၊ ၀င်းဒိုးကို repair လုပ်တာတွေ၊system restore လုပ်တာတွေ၊၀င်းဒိုးကပြဿနာတွေကို အဖြေရှာတာတွေ၊Boot မတက်တော့တဲ့ ကွန်ပြူတာကဖိုင်တွေကို ပြန်လည်ရှာဖွေ သိမ်းဆည်း တာတွေ ကို ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် DriveDroid ဆို တဲ့ android application ကိုသုံးပါမယ်။သင့်ဖုန်းဟာ root လုပ်ထားဖို့ လို ပါတယ်။နောက်ပြီး DriveDroid က android 2.2 နဲ့ သူ့ အထက်မှာ ပဲအလုပ်လုပ်ပါတယ်။

သင့်မှာလိုအပ်တာတွေက

DriveDroid (Google Play Store) (or) DriveDroid 0.7.2   (My Dropbox)

4GB free space on your Android phone(Rooted)

A Windows 7 installation disk or ISO  (ဒီဆောင်းပါးမှာတော့ သင့်ဖုန်းကနေ Windows 7 ကိုအင်စတောလုပ်နည်းကို ရေးဖို့ အတွက် Windows 7 ကိုသုံးမှာပါ။တစ်ခြား Windows OS တွေကိုလည်းသုံးနိုင်ပါတယ်။)

A PC with Windows 7 and 7-zip installed (Windows Installer Disc ကို အသုံးပြုမယ့်သူတွေအတွက် 7-zip မလို ပါ။)

Diskpart utility (Windows 7 မှာ နဂိုပါပြီးသားဖြစ်ပြီး မရှိရင် Download လုပ်ပါ။)

Image Creation

သင့်ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။သင့်ဖုန်းက DriveDroid ကို run ပြီး preferences ထဲက USB Mass Storage(UMS) ဆိုတဲ့ check box မှာအမှန်ခြစ်ပေးပါ။

Moborobo20130226194133Moborobo20130226194213

ပြီးရင်  +  button ကိုနှိပ်ပြီး Create blank image ကိုနှိပ်ပါ။Windows 7.img လို့ နာမည်ပေးပြီး 3500 MB လို့ ဆိုက်သတ်မှတ်ပေးပါ။Partition table(MBR) ဆိုတဲ့ check box မှာ အမှန်ခြစ်ဖြုတ်ပေးပါ။နောက်ပြီး file system ဆိုတဲ့ dropdown arrow ကိုနှိပ်ပြီး None ရွေးပေးပါ။ပြီးရင် Create image ညာဘက်က အမှန်ခြစ်ပုံကို နှိပ်ပါ။

Moborobo20130226194539Moborobo20130226204845

ဒါဆိုရင် background မှာ blank image တစ်ခု ဖန်တီးနေပြီး notification bar ကိုဆွဲချပြီးကြည့်ရှုနိုင်ပါတယ်။

Moborobo20130226205215

Partitioning and Formatting

DriveDroid ကနေပြုလုပ်ပြီးတဲ့ blank image ကို တစ်ချက်နှိပ်ပါ။Option မှာ (read-write) ကိုရွေးပေးပါ။Windows က format ချဖို့ အသိပေးမှာဖြစ်ပြီး Cancel ကိုနှိပ်ပါ။

1

Start menu ကနေ cmd.exe လို့ ရိုက်ပြီး command prompt ကိုဖွင့်ပါ။ပြီးရင် diskpart လို့ ရိုက်ပြီး enter ခေါက်ပါ။

3

ချိတ်ဆက်ထားတဲ့ disk တွေကို တွေ့ ရဖို့  list disk ဆိုတဲ့ command ရိုက်ပေးပါ။

4

ပြုလုပ်ထားတဲ့  3500 mb ဆိုက်ရှိတဲ့ Disk 3 ကို တွေ့ မြင်ရပြီး select disk 3 ကို ရိုက်ပါ။

7

နောက်တစ်ဆင့်မှာ clean လို့ ရိုက်ပါ။

8

နောက်တစ်ဆင့်မှာ create partition primary လို့ ရိုက်ပါ။

9

format fs=ntfs quick လို့ ရိုက်ပြီး ntfs file system အနေနဲ့ format ချပါ။

10

ပြီးရင် active လို့ ရိုက်ပေးပါ။

11

exit ရိုက်ပြီး command prompt ကိုပိတ်ပါ။

12

Copying Files

ဒါဆိုရင် ntfs file system format ပြုလုပ်ပြီးတဲ့ disk တစ်ခုရရှိပါပြီ။ဒီဆောင်းပါးမှာတော့ပြုလုပ်ထားတဲ့ disk ဟာ disk G ပါ။

12

သင့်မှာ windows installer disc ရှိရင်တော့ အဲဒီ disc ထဲက ဖိုင်တွေကို ပြုလုပ်ထားတဲ့ disk ထဲကို ကော်ပီကူးထည့်ပါ။ISO ဖိုင်အသုံးပြုသူတွေ အတွက် ISO ဖိုင်ကို right click နှိပ်ပြီး 7-zip>Extract files ကိုနှိပ်ပါ။

13

Destination ကို ပြုလုပ်ထားတဲ့ Disk ကို ရွေးပေးပါ။

14

ဖိုင်တွေကို extract လုပ်ပြီးရင်တော့  disk ထဲကို ၀င်ကြည့်ရင်အောက်ကပုံမှာလို တွေ့ ရမှာပါ။

14

ဒါဆိုရင် သင့်ဖုန်း ကနေ windows အင်စတောလုပ်ဖို့ ပြုလုပ်ပြီးပါပြီ။သင်အင်စတောလုပ်ချင်တဲ့ကွန်ပြူတာ က BIOS setting မှာ USB ကနေ boot တက်ဖို့ ရွေးပေးပြီး ၀င်းဒိုးအင်စတောလုပ်လို့ ရပါပြီ။

21

22

{ 1 comments... read them below or add one }

  1. How To Install Windows From Your Phone >>>>> Download Now

    >>>>> Download Full

    How To Install Windows From Your Phone >>>>> Download LINK

    >>>>> Download Now

    How To Install Windows From Your Phone >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Blogger Tricks

Popular Post

Blogger templates

Footer Widget 1

Text here

More Text

Total Pageviews (01/03/2012)

Footer Widget 3

ADVERTISMENT

Pages

Poll

Footer Widget 2

Powered by Blogger.

Followers

- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -