Showing posts with label Windows Tips And Tricks. Show all posts
How To Add My Computer To Windows 8 Start Screen And Desktop
Windows 8 ကို clean install လုပ်ရင် My Computer icon ကို desktop မှာရော start screen မှာပါ မတွေ့ ရှိနိုင်ပါဘူး။Windows 7 နဲ့ တစ်ခြားဝင်းဒိုးတွေကနေ upgrade လုပ်မှသာ My Computer icon ကို desktop မှာတွေ့ မြင်နိုင်ပါတယ်။အဲဒီအတွက် My Computer icon ကို Windows 8 ရဲ့  desktop , start screen မှာ တွေ့ မြင်အသုံးပြုနိုင်ဖို့ နည်းကို မျှဝေပါတယ်။Windows 7 အသုံးပြုသူတွေအတွက် start menu က My Computer ပေါ်ကို right click နှိပ်ပြီး show on desktop ကိုနှိပ်ပြီးအလွယ်တကူ desktop မှာ My Computer icon ကို ထားရှိနိုင်ပါတယ်။Windows 8 မှာ start menu မပါရှိတော့တဲ့ အတွက် ဒီလို လုပ်လို့ မရတော့ပါဘူး။Windows 8 မှာ start menu အသုံးပြုချင်ရင်တော့ ဒီဆောင်းပါး ကို ဖတ်ပါ။Start menu အစားထိုး ပေးနိုင်တဲ့ program တွေ ကို မသုံးချင်ရင်တော့ အောက်ကနည်းတွေကို အသုံးပြုပါ။
Show My Computer On Desktop
Desktop ပေါ်မှာ right click နှိပ်ပြီး Personalize ကိုနှိပ်ပါ။
နောက်ပေါ်လာတဲ့ ၀င်းဒိုးမှာ Change desktop icons ကိုနှိပ်ပါ။
နောက်ပေါ်လာတဲ့ ၀င်းဒိုးမှာ Computer ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပြီး Apply နှိပ်ပြီး OK နှိပ်ပါ။ဒါဆိုရင် Windows 8 desktop မှာ My Computer icon ကို သင်တွေ့ မြင်နိုင်ပါပြီ။
Add My Computer To Start Screen
Win + E ကို နှိပ်ပြီး file explorer ကိုဖွင့်ပါ။Computer ပေါ်ကို right click နှိပ်ပြီး Pin to Start ကို နှိပ်ပါ။ဒါဆိုရင် My Computer ကို start screen မှာ တွေ့ မြင်နိုင်ပါပြီ။My Computer icon ကို start screen မှာ သင်ကြိုက်တဲ့ နေရာ ချထားဖို့ အတွက် Customize Windows 8 Start Screen ဆိုတဲ့ ဆောင်းပါးကို ဖတ်ပါ။
Miss Gadgets & Widgets On Windows 8? Here’s How You Can Get Them Back
Windows Gadgets တွေကို သုံးရတာ သဘောကျတဲ့သူတွေ အတွက် စိတ်မကောင်းစရာကတော့  Microsoft က Windows 8 မှာ Gadgets တွေကို ဖြုတ်လိုက်တာပါပဲ။ဒါပေမယ့် Third Party Software Developer တွေရဲ့  ကျေးဇူးကြောင့် သင် Windows 8 မှာ Gadgets တွေကို ပြန်ပြီးအသုံးပြုနိုင်ပါပြီ။
8GadgetPack
8GadgetPack ၀က်ဆိုက်ကိုသွားပြီး 8GadgetPack ကို ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပါ။ပြီးရင်တော့ Windows 8 Desktop ရဲ့ ညာဘက်မှာ sidebar တစ်ခု ပေါ်လာပြီး Gadget တွေကို တွေ့ မြင်နိုင်ပါတယ်။Drag and Drop လုပ်ပြီး gadget တွေကို Desktop ရဲ့ သင်ကြိုက်နှစ်သက်တဲ့ နေရာမှာရွှေ့ ပြောင်းထားနိုင်ပါတယ်။Sidebar ကို ဖျောက်ချင်ရင် အဲဒီပေါ်မှာ right click နှိပ်ပြီး “Close sidebar” ကို နှိပ်ပါ။
အရင်ဝင်းဒိုးတွေ မှာ လို desktop ပေါ်မှာ right click နှိပ်ရင် Gadgets ကို တွေ့ မြင်နိုင်ပြီး View ကို ထောက်ကြည့်ရင် Show desktop gadgets ကို လည်းတွေ့ မြင်နိုင်ပြီးအလွယ်တကူ gadgets တွေကို Show/Hide လုပ်နိုင်ပါတယ်။
Desktop ပေါ်မှာ right click နှိပ်ပြီး Gadgets ကို နှိပ်ရင် Gadgets တွေ ကို တွေ့ မြင်နိုင်ပြီး double click နှိပ်ပြီး ဒါမှမဟုတ် drag and drop လုပ်ပြီး Desktop ပေါ်မှာ နေရာချထားနိုင်ပါတယ်။အခုဒီဆောင်းပါးရေးတဲ့အချိန်မှာတော့ Gadgets ပေါင်း (45) ခုရှိပြီး နောက်ပိုင်းမှာ Gadgets တွေ ပိုမိုများပြားလာအောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။clock, weather, calendar, sticky notes, slideshow widgets,battery power, CPU usage, GPU usage, hard drive info, and processes,network monitor,rss feed စတဲ့ gadgets တွေ ပါရှိပါတယ်။အသေးစိတ်ကို 8GadgetPack ၀က်ဆိုက်မှာ ကြည့်နိုင်ပါတယ်။
Softperfect Wi-Fi Guard : Protect Your Wireless Network From Intruders
မိမိရဲ့  Wireless Network ကို ခိုးသုံးနေသူများ ရန်မှကာကွယ်ဖို့  Softperfect Wi-Fi Guard ဆို တဲ့ freeware ကို သုံးပါ။Windows ,Mac, Linux စတဲ့ os တွေ မှာသုံးနိုင်ပါတယ်။Windows အသုံးပြူသူတွေ အတွက် portable version လည်းရှိပါတယ်။သင့် wireless network မှာ ချိတ်ဆက်နေတဲ့ devices တွေကို scan လုပ်ပေးနိုင်ပါတယ်။ Manual Scan လုပ်နိုင်သလို အချိန်အတိုင်းအတာတစ်ခု သတ်မှတ် ပြီး အဲဒီ အချိန်ရောက်ရင် အလို လို scan လုပ်ပေးနိုင်ပါတယ်။Device တစ်ခု သင့် network ကို လာချိတ်ဆက်ရင် အသံပေးပြီး alert လုပ်နိုင်ပါတယ်။
Download Softperfect Wi-Fi Guard @ http://www.softperfect.com/products/wifiguard/