Showing posts with label Web Apps And Internet. Show all posts
Smart QrCode Generator: Generate QR codes for URLs and images in Google Chrome
Smart Phones တွေ အသုံးပြုမှုများလာတာနဲ့ ဖုန်းတွေ ကနေ အင်တာနက်အသုံးပြုမှုတွေ များပြားလာပါတယ်။သင့်ကွန်ပြူတာ မှာ ကြည့် နေတဲ့ ၀က်ဆိုက်တစ်ခုကို ဖုန်းကနေ ကြည့်ချင်တယ်ဆိုပါစို့ ။ဖုန်း မှာ အဲဒီဆိုက်ရဲ့ လိပ်စာ ကို ရိုက်ထည့်ရမှာပါ။ဖုန်း ဟာ အရွယ်အစားသေးငယ်တဲ့အတွက် ၀က်ဆိုက်လိပ်စာတွေ ရိုက်ရတာ အလုပ်ရှုပ်ပါတယ်။အဲဒီ အခက်အခဲကို Smart QrCode Generator ဆို တဲ့ chrome extension ကဖြေရှင်းပေးနိုင်ပါတယ်။အဲဒီ extension က သင့်ကွန်ပြူတာက ၀က်ဆိုက်လိပ်စာ၊ ပုံ စတာတွေကို သင့်ဖုန်းမှာ ၀က်ဆိုက်လိပ်စာတွေ ရိုက်ထည့်စရာမလို ဘဲ အလွယ်တကူ ကြည့် နိုင်အောင် QrCode တွေ ပြုလုပ်ပေးနိုင်ပါတယ်။အဲဒီ QrCode ကို သင့်ဖုန်း က QrCode Scanner တွေ နဲ့ scan လုပ်လိုက်တာနဲ့  ၀က်ဆိုက်တွေ ကို သင့်ဖုန်းကနေ ကြည့်ရှုနိုင်မှာပါ။သင့်ဖုန်းမှာ တော့ Barcode Scanner လို application တွေ ရှိဖို့ လို ပါတယ်။
Smart QrCode Generator ကို chrome browser မှာ အင်စတောလုပ်ပြီးရင် သင့်ဖုန်း ကနေ ကြည့်ချင်တဲ့ဆိုက်ကို သွားပါ။Address bar က Smart QrCode Generator ပုံကို နှိပ်ပါ။ဒါဆိုရင် QrCode ပေါ်လာပြီးသင့်ဖုန်းကနေ QrCode Scanner နဲ့  scan လုပ်လိုက်ရင် အဲဒီဆိုက်ကို သင့်ဖုန်းကနေ ကြည့်ရှုနိုင်ပါပြီ။ဝက်ဆိုက်လိပ်စာတွေ သင့်ဖုန်း မှာ ရိုက်ထည့်စရာမလို တဲ့အတွက် အဆင်ပြေပါတယ်။
ပုံပေါ်မှာ right click နှိပ်ပြီး Generate Smart QrCode ကို နှိပ်ရင် အဲဒီပုံအတွက် QrCode ကို ရရှိနိုင်ပါတယ်။
Check out Smart QrCode Generator @ Chrom Web Store
TV WatchList: Use Google Chrome To Find Out Runtimes For TV Shows
သင်ကြည့်နေတဲ့ TV Show တွေ ဘယ်နေ့ မှာ အပိုင်းသစ်ထွက်မလဲ ဆိုတာသိချင်ရင် Imdb တို့ လို ၀က်ဆိုက်တွေကို ၀င်ကြည့်ကြရပါတယ်။Chrome browser သုံးသူတွေ အတွက်တော့ TV WatchList ဆို တဲ့ browser extension ကို အင်စတောလုပ်ထားရင် လွယ်လွယ်ကူကူပဲ သင့် favourite shows တွေ ဘယ်နေ့ မှာ episode အသစ်ထွက်မလဲဆိုတာသိနိုင်ပါတယ်။အဲဒီအတွက် တစ်ခြား ၀က်ဆိုက်တွေ သွားကြည့်စရာမလို တဲ့အတွက် အချိန်ကုန် သက်သာပြီးလွယ်ကူအဆင်ပြေပါတယ်။
TV WatchList ကို chrome မှာ အင်စတောလုပ်ပြီးရင် အိုင်ကွန်ကို နှိပ်ပြီးသင်ကြည့်နေတဲ့ TV Show နာမည်ကို ရိုက်ရှာပေးပါ။ရှာတွေ့ ရင် TV Show နာမည်ကို နှိပ်ရင် Add to WatchList စာရင်းထဲရောက်သွားပါပြီ။
ဒါဆိုရင် အဲဒီ TV Show ဘယ်နေ့ မှာ episode အသစ်ထွက် မလဲဆိုတာ အောက်ကပုံမှာလို တွေ့ မြင်နိုင်မှာပါ။
How To Unzip Files Online
ဖိုင်တွေကို ချုံ့  ၊ ချဲ့  (zip,unzip) လုပ်ပေးနိုင်တဲ့ WinZip Pro ကို တင်ပေးထားပါတယ်။တကယ်လို့ သင့်ကွန်ပြူတာမှာ အဲဒီလို ဆော့ဝဲမရှိခဲ့ ရင်ပဲဖြစ်ဖြစ် ရှိတဲ့ ဆော့ဝဲက မဖြည်ပေးနိုင်တဲ့ zip ဖိုင်အမျိုးအစားဖြစ်နေ ရင် အင်တာနက်မှာ zip ,unzip အခမဲ့ လုပ်ပေးနိုင်တဲ့ web site တွေ ရှိတယ်ဆို တာ ပြောပြချင်တာပါ။နောက်ပြီး အဲဒီဆိုက်တွေက သင့်ကွန်ပြူတာက zip ဖိုင်တွေကို unzip လုပ်ပေးနိုင်ရုံတင်မကဘဲ အင်တာနက်က zip ဖိုင်တွေကို ပါ unzip လုပ်ပေးနိုင်ပါတယ်။အဲဒီအတွက် အင်တာနက်က zip ဖိုင်တွေ ရဲ့  direct link ရရင်အဲဒီဖိုင်တွေကို unzip လုပ်ပြီးအထဲက ဖိုင်တွေကို သင်ကြည့်ရှုသိရှိနိုင်ပါတယ်။
Wobzip ၀က်ဆိုက်ကို သွားပြီး သင့်ကွန်ပြူတာက zip ဖိုင်တွေကို upload လုပ်ပြီး unzip လုပ်နိုင်ပါတယ်။အင်တာနက်က zip ဖိုင်တွေရဲ့  direct link ကို သုံးပြီးတော့လည်း unzip လုပ်နိုင်ပါတယ်။Zip ဖိုင်က password နဲ့  ဖြည်ရမယ်ဆိုရင် password ထည့်ပေးနိုင်ပါတယ်။Maximum file size 200 mb သတ်မှတ်ထားပြီး support ပေးတဲ့ zip ဖိုင်အမျိုးအစားတွေကို အောက်ကပုံမှာကြည့်ပါ။
Unzip လုပ်ပြီးရင် သင်လို ချင်တဲ့ ဖိုင် တစ်ခု ချင်းကို ရွေးချယ်ဒေါင်းလုပ်လုပ်နိုင်သလို zip ဖိုင်အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ဒါ့အပြင်သင့် Dropbox ဆီသို့ လည်း ပို့ ပေးနိုင်ပါတယ်။သင့်ဖိုင်ကို ၃ ရက် အထိ wobzip ကသိမ်းပေးထားမှာပါ။
2zip ၀က်ဆိုက်ကိုသွားပြီး သင့်ကွန်ပြူတာ zip ဖိုင်တွေကို upload လုပ်ပြီး unzip လုပ်နိုင်သလို အင်တာနက် က zip ဖိုင်တွေရဲ့  direct link ကို သုံးပြီးလည်း unzip လုပ်နိုင်ပါတယ်။Maximum file size ကို 100 mb သတ်မှတ်ထားပါတယ်။Supported file types တွေကို အောက်ကပုံမှာကြည့်ပါ။
Unzip လုပ်ပြီးရင်သင်လို ချင်တဲ့ ဖိုင် ကို ရွေးချယ်ဒေါင်းလုပ်လုပ်နိုင်သလို Convert To Zip ကို နှိပ်ပြီး Zip ဖိုင်အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။