Showing posts with label How To and Tips. Show all posts
Video Converter Android Pro 1.5.5 Full Version
သင့် Android phone က support မပေးတဲ့ video file တွေကို တစ်ခြားဖိုင်ဖောက်မက် တွေ အဖြစ် convert လုပ်ပေးနိုင်ပါတယ်။သင့်ဖုန်းမှာ ရှိတဲ့ video files တွေ အားလုံးကို scan လုပ်ပြီးရှာပေးနိုင်ပါတယ်။ပြောင်းပေးနိုင်တဲ့ video ဖိုင်ဖောက်မက်တွေ ကတော့ mp4,3gp,avi,vob တို့ ဖြစ်ပါတယ်။ဒါ့အပြင် ဖိုင်ဆိုက်တွေ ကို လျှော့ချပြီး ပြောင်းလဲပေးနိုင်သလို quality မကျစေဘဲ လည်း ပြောင်းလဲပေးနိုင်ပါတယ်။Video file ကနေ audio file အဖြစ်လည်းပြောင်းပေးနိုင်ပါတယ်။
Browse ကို နှိပ်ပြီး video ဖိုင်တွေကို manual လိုက်ရှာနိုင်သလို Videos ကို နှိပ်ပြီး Video ဖိုင်တွေ ကို ရှာဖွေနိုင်ပါတယ်။
သင်ပြောင်းချင်တဲ့ဖိုင် ကို tap လုပ်ပြီး select လုပ်ပါ။ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်းရွေးချယ်ပြီးလည်းပြောင်းနိုင်ပါတယ်။ပြီးရင် Convert ကို နှိပ်ပါ။
နောက်တစ်ဆင့်မှာ Default ကို နှိပ်ပြီး Reduce Size (pro) ,Keep Quality (pro),Manual,Audio Only (pro) စတာတွေကို ရွေးချယ်နိုင်ပါတယ်။ဖိုင်ဆိုက်ကို လျှော့ချပြီး ပြောင်းလဲချင်ရင်တော့ Reduce Size ကို ရွေးပါ။နဂိုမူလ ဖိုင်ရဲ့  quality အတိုင်းလို ချင်ရင်တော့ Keep Quality ကို ရွေးပါ။Manual ကို ရွေးချယ်ပြီးသင့်စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။Audio ပဲလို ချင်ရင်တော့ Audio Only ကို ရွေးပါ။
Container ကိုနှိပ်ပြီး သင်ပြောင်းချင်တဲ့ဖိုင်ဖောက်မက်ကို ရွေးချယ်ပါ။ပြီးရင် Start ကို နှိပ်ပါ။
Convert လုပ်ပြီးရင် Converted ကို နှိပ်ပြီး video file တွေကို ကြည့်နိုင်ပါပြီ။
Download Video Converter Pro 1.5.5 Full Version Dropbox (or) Mirrorcreator
Smart QrCode Generator: Generate QR codes for URLs and images in Google Chrome
Smart Phones တွေ အသုံးပြုမှုများလာတာနဲ့ ဖုန်းတွေ ကနေ အင်တာနက်အသုံးပြုမှုတွေ များပြားလာပါတယ်။သင့်ကွန်ပြူတာ မှာ ကြည့် နေတဲ့ ၀က်ဆိုက်တစ်ခုကို ဖုန်းကနေ ကြည့်ချင်တယ်ဆိုပါစို့ ။ဖုန်း မှာ အဲဒီဆိုက်ရဲ့ လိပ်စာ ကို ရိုက်ထည့်ရမှာပါ။ဖုန်း ဟာ အရွယ်အစားသေးငယ်တဲ့အတွက် ၀က်ဆိုက်လိပ်စာတွေ ရိုက်ရတာ အလုပ်ရှုပ်ပါတယ်။အဲဒီ အခက်အခဲကို Smart QrCode Generator ဆို တဲ့ chrome extension ကဖြေရှင်းပေးနိုင်ပါတယ်။အဲဒီ extension က သင့်ကွန်ပြူတာက ၀က်ဆိုက်လိပ်စာ၊ ပုံ စတာတွေကို သင့်ဖုန်းမှာ ၀က်ဆိုက်လိပ်စာတွေ ရိုက်ထည့်စရာမလို ဘဲ အလွယ်တကူ ကြည့် နိုင်အောင် QrCode တွေ ပြုလုပ်ပေးနိုင်ပါတယ်။အဲဒီ QrCode ကို သင့်ဖုန်း က QrCode Scanner တွေ နဲ့ scan လုပ်လိုက်တာနဲ့  ၀က်ဆိုက်တွေ ကို သင့်ဖုန်းကနေ ကြည့်ရှုနိုင်မှာပါ။သင့်ဖုန်းမှာ တော့ Barcode Scanner လို application တွေ ရှိဖို့ လို ပါတယ်။
Smart QrCode Generator ကို chrome browser မှာ အင်စတောလုပ်ပြီးရင် သင့်ဖုန်း ကနေ ကြည့်ချင်တဲ့ဆိုက်ကို သွားပါ။Address bar က Smart QrCode Generator ပုံကို နှိပ်ပါ။ဒါဆိုရင် QrCode ပေါ်လာပြီးသင့်ဖုန်းကနေ QrCode Scanner နဲ့  scan လုပ်လိုက်ရင် အဲဒီဆိုက်ကို သင့်ဖုန်းကနေ ကြည့်ရှုနိုင်ပါပြီ။ဝက်ဆိုက်လိပ်စာတွေ သင့်ဖုန်း မှာ ရိုက်ထည့်စရာမလို တဲ့အတွက် အဆင်ပြေပါတယ်။
ပုံပေါ်မှာ right click နှိပ်ပြီး Generate Smart QrCode ကို နှိပ်ရင် အဲဒီပုံအတွက် QrCode ကို ရရှိနိုင်ပါတယ်။
Check out Smart QrCode Generator @ Chrom Web Store
TV WatchList: Use Google Chrome To Find Out Runtimes For TV Shows
သင်ကြည့်နေတဲ့ TV Show တွေ ဘယ်နေ့ မှာ အပိုင်းသစ်ထွက်မလဲ ဆိုတာသိချင်ရင် Imdb တို့ လို ၀က်ဆိုက်တွေကို ၀င်ကြည့်ကြရပါတယ်။Chrome browser သုံးသူတွေ အတွက်တော့ TV WatchList ဆို တဲ့ browser extension ကို အင်စတောလုပ်ထားရင် လွယ်လွယ်ကူကူပဲ သင့် favourite shows တွေ ဘယ်နေ့ မှာ episode အသစ်ထွက်မလဲဆိုတာသိနိုင်ပါတယ်။အဲဒီအတွက် တစ်ခြား ၀က်ဆိုက်တွေ သွားကြည့်စရာမလို တဲ့အတွက် အချိန်ကုန် သက်သာပြီးလွယ်ကူအဆင်ပြေပါတယ်။
TV WatchList ကို chrome မှာ အင်စတောလုပ်ပြီးရင် အိုင်ကွန်ကို နှိပ်ပြီးသင်ကြည့်နေတဲ့ TV Show နာမည်ကို ရိုက်ရှာပေးပါ။ရှာတွေ့ ရင် TV Show နာမည်ကို နှိပ်ရင် Add to WatchList စာရင်းထဲရောက်သွားပါပြီ။
ဒါဆိုရင် အဲဒီ TV Show ဘယ်နေ့ မှာ episode အသစ်ထွက် မလဲဆိုတာ အောက်ကပုံမှာလို တွေ့ မြင်နိုင်မှာပါ။