Posted by : Thu Ya Thursday, January 3, 2013

1

Windows 8 မှာ အရင် windows တွေ မှာ မပါတဲ့ features တွေ အများကြီးပါရှိလာပါတယ်။အဲဒီ ထဲက refresh and reset ဆို တဲ့ feature နှစ်ခု အကြောင်းမျှဝေချင်ပါတယ်။အရင် windows တွေမှာ windows ကောင်းကောင်းအလုပ်မလုပ်တော့ရင် windows အခွေ ဒါမှမဟုတ် တစ်ခြား installation media တစ်ခုခုကို အသုံးပြုပြီး windows ပြန်တင် ဒါမှမဟုတ် windows ကို repair ပြန်လုပ်ရပါတယ်။Windows 8 ရဲ့  refresh and reset ဆိုတဲ့ feature ကအလားတူအလုပ်မျိုး လုပ်ပေးနိုင်ပြီး windows 8 ကို repair or  reinstall လုပ်ပေးနိုင်ပါတယ်။

Refresh Your PC

Refresh လုပ်တာဟာ repair လုပ်တာနဲ့ တူပါတယ်။Windows 8 ကို refresh လုပ်ရင် personalized setting , files စတာတွေကို မဖျက်ဘဲ မပြောင်းလဲ ဘဲ နဂို အတိုင်း ရှိနေမှာပါ။PC setting ကို တော့ default အနေအထားကို ပြန်ပြုပြင်ပါလိမ့်မယ်။နောက်ပြီး Microsoft Windows Store ကနေ install လုပ်ထားတဲ့ applications တွေဟာလည်း မပျက်ဆီးဘဲ ဒီအတိုင်းရှိနေမှာဖြစ်ပေမယ့် store ကနေ install လုပ်ထားတာမဟုတ်တဲ့ applications တွေကို တော့ ဖျက်ပစ်မှာဖြစ်ပါတယ်။Refresh လုပ်ဖို့ အတွက် Charms bar(Win + C) ကို နှိပ်ပြီး Setting > Change PC Setting ကို နှိပ်ပါ။General ကိုနှိပ်ပြီး  Get Started ကို နှိပ်ပါ။

2

Box တစ်ခု ပေါ်လာပြီး refresh လုပ်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာအသိပေးပါလိမ့်မယ်။ Next နှိပ်ပါ။

3

နောက် တစ်ဆင့်မှာတော့ restart လုပ်မယ့်အကြောင်းအသိပေးပါလိမ့်မယ်။Windows 8 cd/dvd အခွေကို ထည့်ပြီး Refresh ကို နှိပ်ရင် restart ချပြီး refresh စလုပ်ပါပြီ။

4

Reset Your PC

Reset လုပ်တာဟာ ၀င်းဒိုးကို clean install လုပ်တာနဲ့ တူပါတယ်။သင့်ဖိုင်တွေ application တွေအားလုံးကို ဖျက်ပစ်မှာဖြစ်ပြီးWindows ကို ပြန်ပြီး အသစ် install လုပ်မှာပါ။Reset လုပ်ဖို့ အတွက်လည်း charms bar (Win + C) ကို နှိပ်ပြီး setting >Change PC Setting >General ကို နှိပ်ပြီး Get Started ကိုနှိပ်ပါ။

5

နောက်တစ်ဆင့်မှာ Reset လုပ်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာအသိပေးပါလိမ့်မယ်။

6

နောက်တစ်ဆင့်မှာတော့ drive အားလုံးကို reset လုပ်နိုင်သလို system drive ကို ပဲ ရွေးချယ်ပြီး reset လုပ်နိုင်ပါတယ်။

7

နောက်တစ်ဆင့်မှာ  တော့  Windows 8 Cd/Dvd အခွေကို ထည့်ပြီး Reset ကို နှိပ်ပါ။Restart ကျပြီးရင် တော့ သင့် windows 8 အသစ်စက်စက်ကို ပြန်လည်အသုံးပြုနိုင်ပါပြီ။

8

Refresh Or Reset On Boot

သင့် windows 8 ကွန်ပြူတာဟာ လုံးဝ boot မတက်နိုင်တော့ရင် လည်း refresh or reset ကို အသုံးပြုနိုင်ပါတယ်။ဒီလိုအနေအထားမှာ windows 8 installation cd/dvd ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင် Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။

8

Leave a Reply

Subscribe to Posts | Subscribe to Comments

Blogger Tricks

Popular Post

Blogger templates

Blog Archive

Footer Widget 1

Text here

More Text

Total Pageviews (01/03/2012)

Footer Widget 3

ADVERTISMENT

Pages

Poll

Footer Widget 2

Powered by Blogger.

Blog Archive

Followers

- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -