- Back to Home »
- How To and Tips , Web Apps And Internet »
- Determine Your Location With Giosense Location Sensor(Windows 7)
သင့် windows 7 computer မှာ GPS chip မရှိရင်တောင်မှဘဲ သင့်ကွန်ပြူတာရဲ့ နေရာအတိအကျကို google map မှာကြည့်နိုင်ပါတယ်။Geosense လို့ ခေါ်တဲ့ windows location sensor application သုံးပြီးသင့်ရဲ့ တည်နေရာကို google map မှာ ကြည့် ရအောင်။Geosense application ကို official page မှာ Download လုပ်ပါ။ Install လုပ်ပြီးရင် enable လုပ်ရမှာပါ။ windows start menu ကဖြစ်ဖြစ်၊ control panel ကဖြစ်ဖြစ် Location and other sensors သို့ သွားပြီး enabled check box မှာ အမှန်ခြစ်ပေးပြီး apply လုပ်ပေးပါ။
Google map မှာကြည့်ဖို့ အတွက် google map demo client application ကိုဒီမှာ Download လုပ်ပါ။ပြီးရင် internet connection ဖွင့်ပြီး run ပါ။ကျွန်တော့်ရဲ့ စမ်းသပ်ချက်မှာတော့ အနီးစပ်ဆုံးနေရာကိုပြနိုင်ပါတယ်။
Giosense နဲ့ google map client application က ခရီးသွားရင်လည်းသင့်အတွက်လမ်းညွှန်ပေးနိုင်ပါတယ်။ရောက်တဲ့နေရာမှာ internet ချိတ်ပြီး google map client application ကိုဖွင့်လိုက်တာနဲ့ သင့်နေရာအတိအကျကို ပြပေးပါလိမ့်မယ်။