Posted by : Thu Ya Monday, August 27, 2012
Windows System Restore ဟာအရေးကြီးတဲ့ Windows Feature တစ်ခုဆိုတာအားလုံးသိကြပါတယ်။ အန္တရာယ် ရှိနိုင်တဲ့ Software တွေသွင်းတိုင်း ၊ Windows Setting တွေကို ပြောင်းလဲတဲ့အခါတိုင်း System Restore လုပ်ထားသင့်ပါတယ်။ System Restore Point လုပ်ပြီးတိုင်းလည်း ကောင်းကောင်းအလုပ်လုပ်မလုပ် ပြန်ပြီး System Restore လုပ်ကြည့်ပြီးစစ်ဆေးသင့်ပါတယ်။
Capture
ဒီလို message box ပေါ်လာရင်တော့ သင့် System Restore ဟာအလုပ်မလုပ်ပါဘူး။system restore fail ဖြစ်ရတဲ့အကြောင်းအရင်းတွေ က  anti-virus program ကြောင့်ဒါမှမဟုတ်ပျက်ဆီးနေတဲ့ဖိုင်တွေကြောင့်ဖြစ်နိုင်ပါတယ်။ anti-virus program ကို temporary disable လုပ်ပြီးပြန်ပြီး system restore လုပ်ကြည့်ပါ။အဆင်မပြေဘူးဆိုရင်အောက်ကနည်းတွေကိုစမ်းကြည့်ပါ။
Run System Restore From Safe Mode
သင့်ကွန်ပြူတာကို restart ချပြီး F8 ကိုနှိပ်ပြီး safe mode နဲ့ ဝင် ပါ။ နောက်တစ်နည်းကတော့ windows search box မှာ “msconfig” လို့ ရိုက်ပြီး”msconfig.exe” ကိုနှိပ်ပြီး Boot Tab မှာ Safe Boot ကို အမှန်ခြစ်ပေးပြီး ok နှိပ်ပါ။
1
Configure Disk Space Usage
Windows Search Box မှာ “create system restore” ရိုက်ပြီး “create a restore point” ကိုနှိပ်ပြီး configure ကိုနှိပ်ပါ။ပြီးရင် disk space usage ကို အောက်ပုံမှာပြထားတဲ့အတိုင်း တိုးပေးပါ။
2
Old restore points တွေကိုဖျက်ဖို့ အတွက် Delete button ကိုနှိပ်ပါ။ ဒါဆိုရင် old restore points အားလုံးကို delete လုပ်ပါလိမ့်မယ်။အားလုံးကို မဖျက်ချင်ရင်တော့ CCleaner ကိုသုံးပြီး ဖျက်ချင်တဲ့ restore point တွေကိုဖျက်ပါ။ ပြီးရင် system restore ပြန်လုပ်ကြည့်ပါ။အဲဒါမှအဆင်မပြေရင်တော့အောက်ကအဆင့်ကိုဆက်သွားပါ။
Try System Image Backup Programs
အပေါ်ကနည်းတွေနဲ့ အဆင်မပြေသေးရင်တော့ system restore ကိုမသုံးသင့်တော့ပါဘူး။အဲဒီအစား system image backup programs တွေကိုသုံးပါ။ Windows Search Box မှာ “repair” လို့ ရိုက်ပြီး “Create A System Repair Disc” ကိုနှိပ်ပြီး instruction တွေအတိုင်းဆက်လုပ်ပါ။
နောက်တစ်နည်းက windows search box မှာ “back up” လို့ ရိုက်ပြီး “Back up Your Computer” ကိုနှိပ်ပါ။ ဘယ်ဘက်က “Create a system image” ကိုနှိပ်ပြီး instruction အတိုင်းဆက်လုပ်ပါ။
Leave a Reply
Subscribe to Posts | Subscribe to Comments
Blogger Tricks
Popular Post
Blogger templates
Blog Archive
Footer Widget 1
Text here
More Text
Total Pageviews (01/03/2012)
Footer Widget 3
ADVERTISMENT
Pages
Poll
Footer Widget 2
Powered by Blogger.
Blog Archive
Followers
- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -