Posted by : Thu Ya Sunday, March 10, 2013

1

သင့် ရဲ့  USB Stick , External Storage Device တွေကို Encrypt & Password ခတ်ပြီးသိမ်းနိုင်တဲ့ USB Safeguard  ဆိုတဲ့ ဆော့ဝဲ တင်ပေးပြီးပါပြီ။Windows 8 Professional ကို ဒေါင်းလုပ်လုပ်နိုင်ဖို့  အတွက် ဆောင်းပါးရေးပေးပြီးပါပြီ။Windows 8 Pro သုံးသူတွေ အနေနဲ့ တစ်ခြား ဆော့ဝဲတွေကို သုံးစရာမလိုဘဲ သင့် ရဲ့  external storage device တွေကို encrypt & password ခတ်ပေးနိုင်ပါတယ်။Encrypt လုပ်တယ်ဆိုတာကတော့ ဒေတာတွေကို ဖတ်လို့ မရနိုင်တဲ့ ကုတ် တွေ အနေနဲ့ သိမ်းပေးထားတာပါ။ဒီဆောင်းပါးမှာတော့ Windows OS တွေ မှာ ပါတဲ့ Bitlocker Drive Encryption ကိုအသုံးပြုမှာပါ။

Turning On BitLocker for a Removable Drive

Windows 8 Pro ရဲ့ explorer ကို ဖွင့်ပြီး removable drive ပေါ်မှာ right click နှိပ်ပြီး Turn on Bitlocker ကိုနှိပ်ပါ။

2

Wizard ပေါ်လာရင် “Use a password to unlock the drive”  check box မှာ အမှန်ခြစ်ပေးပြီး password တွေ သတ်မှတ်ပေးပါ။

3

နောက်အဆင့်မှာ တော့ password ကို microsoft account မှာ သိမ်းဖို့  ဒါမှမဟုတ် ဖိုင်အနေနဲ့ သင့် စက်မှာသိမ်းဖို့  ဒါမှမဟုတ် ပရင့်ထုတ်ပြီးသိမ်းဖို့ ရွေးချယ်ပေးပါ။

4

နောက်အဆင့်မှာ သင့် drive က မသုံး ရသေးတဲ့ ဒေတာတွေ မရှိသေးတဲ့ drive ဆိုရင် “Encrypt used disk space only “ ကိုရွေးပေးပါ။ဒါမှမဟုတ် အသုံးပြုပြီးသားဒေတာတွေ ရှိနေတဲ့ drive ဆိုရင်တော့ “Encrypt entire drive “ ကိုရွေးပေးပါ။

6

ပြီးရင်တော့ Start encrypting  ကိုနှိပ်ပေးပါ။

7

ဒါဆိုရင် သင့် USB Drive ကို encrypt စလုပ်ပါပြီ။သိမ်းထားတဲ့ ဒေတာ အနည်းအများပေါ်မူတည်ပြီး အချိန် ကြာမြင့်မှာပါ။

8

Encrypting ပြီးရင်တော့ သင့် USB Drive ကို သော့ခလောက် ပုံလေးနဲ့ တွေ့ ရမှာပါ။

10

ဒါဆို ရင် သင့် USB Drive ကို တစ်ခြားတစ်ယောက်အသုံးပြုရင် password တောင်းနေမှာဖြစ်တဲ့အတွက် လုံခြုံစိတ်ချသွားပါပြီ။
Unlocking the Drive

သင့် USB Drive ကို တစ်ခြားစက်တွေ မှာ ချိတ်ဆက်တဲ့အခါမှာ password တောင်းမှာ ဖြစ်ပြီး password ထည့်ပေးပါ။

9

Turning Off BitLocker for a Removable Drive

သင့် USB Drive ကို password မခတ်ချင်တော့ဘူးဆိုရင်တော့ Control Panel>Bitlocker Drive Encryption ကှိုနှိပ်ပါ။

1

သင့် drive ကိုရွေးပေးပြီး Turn off Bitlocker ကိုနှိပ်ပါ။

2

Confirm လုပ်ခိုင်းရင် Turn off Bitlocker ကို ထပ်နှိပ်ပေးပါ။

3

သင့် drive ကို Decrypt လုပ်ပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ သင့် USB Drive ကို သုံးတိုင်း  password ရိုက်ထည့်ပေးစရာမလို ဘဲ ပြန်အသုံးပြုနိုင်ပါပြီ။

4

Leave a Reply

Subscribe to Posts | Subscribe to Comments

Blogger Tricks

Popular Post

Blogger templates

Blog Archive

Footer Widget 1

Text here

More Text

Total Pageviews (01/03/2012)

Footer Widget 3

ADVERTISMENT

Pages

Poll

Footer Widget 2

Powered by Blogger.

Blog Archive

Followers

- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -