Posted by : Thu Ya Monday, March 11, 2013

1

Windows 8 မှာ အသစ်ပါရှိလာတဲ့ file history အကြောင်းရေးချင်ပါတယ်။ Windows 7  က windows backup နေရာမှာအစားထိုး လာတာဖြစ်ပါတယ်။Windows 7 က windows backup က သင့်ဝင်းဒိုး က ဖိုင်တွေ ဖိုဒါတွေ အကုန်လုံးကို backup လုပ်ပေးနိုင်ပါတယ်။File history ကတော့ library ထဲက ဖိုင်တွေ ဖိုဒါတွေကို ပဲ backup လုပ်ပေးနိုင်ပါတယ်။ဒါပေမယ့် file history က သင့်ဖိုင်တွေ ဖိုဒါတွေကို အချိန်ပြည့်စောင့်ကြည့် backup လုပ်ပေးနိုင်ပြီး အချိန်အပိုင်းအခြားအလိုက်ဖိုင်တွေ ကို restore လုပ်ပေး နိုင်ပါတယ်။ဥပမာ အားဖြင့်  သင် ဖိုင် တစ်ခု ကို edit လုပ်လိုက်တယ်ဆိုပါစို့ ။ File history က edit မလုပ်ခင်ကဖိုင် ရော edit လုပ်ပြီးတဲ့ဖိုင်ကို ပါ သိမ်းပေးထားတာဖြစ်တဲ့အတွက် သင့် ဖိုင်တွေကို အချိန်အပိုင်းအခြားအလိုက် ပြန်ပြီး restore လုပ်နိုင်ပါတယ်။

Setting Up File History

သင့် external hard drive ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။Control Panel>System and Security>File History ကိုနှိပ်ပါ။သင့် drive ကို တွေ့ မြင်ရရင် Turn On ကို နှိပ်ပါ။

2

Turn On ကို နှိပ်ပြီးပြီးခြင်းမှာပဲ Libraries (Documents, Music, Pictures, and Videos) ကဖိုင်တွေ ဖိုဒါတွေကို save လုပ်နေတာတွေ့ ရမှာပါ။

3

Save လုပ်ပြီးရင် Save လုပ်ထားတဲ့ ရက်စွဲနဲ့ အချိန်ကို သင်တွေ့ မြင်နိုင်ပါတယ်။

ashampoo 03

ဘယ်ဘက် က Advanced settings ကို နှိပ်ကြည့်ရင် အချိန်အပိုင်းအခြား ဘယ်လောက်မှာ တစ်ခါ file version တွေကို သိမ်းမလဲဆိုတာကိုသင်ရွေးချယ်နိုင်ပါတယ်။သင်သတ်မှတ်တဲ့ အချိန် အပိုင်းအခြားရောက်တိုင်း file version တွေကို အလိုလိုသိမ်းပေးနေမှာပါ။ အချိန်ကာလကြာလာတာနဲ့ အမျှ သင့် file version တွေဟာလည်းများပြားလာမှာဖြစ်ပြီး မလိုအပ်တော့တဲ့ file version တွေကို အလိုလို ဖျက်ပစ်ဖို့  Clean up versions ကို သုံးနိုင်ပါတယ်။Clean up versions ကိုနှိပ်ပြီး အချိန်အပိုင်းအခြား တစ်ခု အကြာက file version တွေကို အလိုလို ဖျက်ပစ်ဖို့ အချိန် သတ်မှတ်နိုင်ပါတယ်။ပြီးရင် Save Changes ကိုနှိပ်ပါ။

ashampoo 05

Restoring Files

သင်ဖိုင်တစ်ခု ကို မတော်တဆမှားဖျက်မိတယ်ဆိုပါစို့ ။File history ကို အသုံးပြုပြီး မှားဖျက်မိတဲ့ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။Control Panel>System and Security>File History>Restore personal files  ကိုနှိပ်ပါ။

ashampoo 06

နောက်ပေါ်လာတဲ့ ၀င်းဒိုးမှာ အချိန်အပိုင်းအခြားအလိုက်သိမ်းထားတဲ့ file version အရေအတွက်နဲ့ အချိန် တွေကို တွေ့ မြင်နိုင်ပါတယ်။အောက်မှာတွေ့ ရတဲ့  ဘယ်  ညာ မျှားကို သုံးပြီး အရင်ရက်တွေ က သိမ်းထားတဲ့ ဖိုင်တွေကို ပြန်ရှာနိုင်ပြီး သင်မှားဖျက်မိတဲ့ ဖိုင်ကို ပြန်ပြီးသိမ်းနိုင်ပါတယ်။ဖိုင်တွေ အားလုံးကို တစ်ပြိုင်နက် restore လုပ်ဖို့ အတွက် အစိမ်းရောင် button ကိုနှိပ်နိုင်ပါတယ်။မှားဖျက်မိတဲ့ ဖိုင်တွေအပြင် edit လုပ်လိုက်တဲ့ဖိုင်တွေကိုလည်း edit မလုပ်ခင် က file version ကိုပြန်အသုံးပြုနိုင်ဖို့  file history ကအသုံးဝင်ပါတယ်။

ashampoo 07

Leave a Reply

Subscribe to Posts | Subscribe to Comments

Blogger Tricks

Popular Post

Blogger templates

Blog Archive

Footer Widget 1

Text here

More Text

Total Pageviews (01/03/2012)

Footer Widget 3

ADVERTISMENT

Pages

Poll

Footer Widget 2

Powered by Blogger.

Blog Archive

Followers

- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -