- Back to Home »
- How To and Tips , Web Apps And Internet »
- ImmediateCrypt Web Demo : Encrypt Pieces Of Text With A Password
Web ပေါ်ကနေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေပေးပို့ တော့မယ်ဆိုရင် စိတ်ချရအောင် password ခံပြီး encrypt လုပ်ပြီးပေးပို့ ဖို့ အရေးကြီးပါတယ်။အဲဒီအတွက် ImmediateCrypt Web Demo ဆိုတဲ့ free web service ကကူညီပေးပါလိမ့်မယ်။အဲဒီဆိုက်ကိုသွားပြီး သင့်ရဲ့ အရေးကြီးတဲ့သတင်းအချက်အလက်တွေကိုရိုက်ပြီး password ပေးပြီး Encrypt ကိုနှိပ်ပါ။Encrypt လုပ်ပြီးတဲ့စာကိုကူးပြီး သင့်သူငယ်ချင်းကို IM ,email တို့ ကတစ်ဆင့်ပေးပို့ နိုင်ပါတယ်။Password နဲ့  ImmediateCrypt Web Demo ဆိုက်လိပ်စာကိုလည်းပေးပို့ ပေးထားရပါမယ်။
သင့်သူငယ်ချင်းက encrypt လုပ်ထားတဲ့စာကိုလက်ခံရရှိတဲ့အခါ decrypt လုပ်ဖို့ အတွက် ImmediateCrypt Web Demo ဆိုက်ကိုသွားပြီး စာကူးထည့်ပေးပြီး password ရိုက်ထည့်ပြီး Decrypt ကိုနှိပ်ရမှာပါ။
Encrypt လုပ်ချင်တိုင်း အဲဒီဆိုက်ကိုမသွားချင်ရင်တော့ အဲဒီဆိုက်ကနေ ImmediateCrypt “Standalone” (Offline) Program ကို ဒေါင်းလုပ်လုပ်ပြီးအသုံးပြုနိုင်ပါတယ်။
Checkout ImmediateCrypt Web Demo @ https://www2.giacomodrago.com:8443/immediatecrypt/