Posted by : Thu Ya Wednesday, November 28, 2012

အရင်ဆောင်းပါးတစ်ခုမှာ What is torrent file ? and how to download it ဆိုတာရေးပေးခဲ့ပါတယ်။Torrent transfer ကိုတစ်ချို့  ISP တွေက throte(slow down) လုပ်ထားတဲ့အတွက် ဒေါင်းလုပ်လုပ်ရတာကြာတတ်ပါတယ်။နောက်ပြီး ကျွန်တော်တို့ ရဲ့ ကွန်နက်ရှင်နှေးခြင်း၊share ratio(seeder-leecher ratio) တွေအပေါ်မူတည်ပြီး ဒေါင်းလုပ်လုပ်ရတာကြာတတ်ပါတယ်။အခုတော့ torrent ဖိုင်တွေကို ဒေါင်းလုပ်ဆွဲပေးနိုင်တဲ့ online bittorrent client တွေအဖြစ်ပြုလုပ်ပေးနိုင်တဲ့ free web service တွေပေါ်လာပါပြီ။အဲဒီ web service တွေကို torrent ဖိုင်တွေကို အရင်ဒေါင်းလုပ်ဆွဲခိုင်းပြီး မှ ရလာတဲ့ဖိုင်ကို ကျွန်တော်တို့ ကြိုက်နှစ်သက်ရာ Download Managers တွေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါပြီ။

ZBIGZ

zbigz ဆိုက်မှာ free account တစ်ခုလုပ်ပြီးရင် Upload .torrent file ကိုနှိပ်ပြီး သင့်ရဲ့  torrent (.torrent) ဖိုင်ကို upload လုပ်ပေးပါ။နောက်တစ်နည်းက torrent ကို upload လုပ်စရာမလိုဘဲ torrent site က  torrent or magnet link ကို copy and paste လုပ်ပါ။ ပြီးရင် Go ကိုနှိပ်ပြီးနောက် page တစ်ခုပေါ်လာရင် free ကိုနှိပ်ပါ။ဒါဆိုရင် သင့် torrent ဖိုင်ကို ဒေါင်းလုပ်စဆွဲပေးပါလိမ့်မယ်။

1

သင့် torrent ဖိုင်ရဲ့  share ratio(seeder-leecher ratio),file size အပေါ်မူတည်ပြီးအချိန်ကြာမြင့်ပါလိမ့်မယ်။Caching complete ဖြစ်သွားရင်တော့ သင့်စိတ်ကြိုက်ဒေါင်းလုပ်မန်နေဂျာ နဲ့  ဒေါင်းလုပ်လုပ်နိုင်ပါပြီ။Free user အနေနဲ့  ဖိုင်နှစ်ခု သိမ်းထားနိုင်ပြီး max file size ကို 8 gb သတ်မှတ်ထားပါတယ်။ဖိုင်တွေကို ၇ ရက်ကြာသိမ်းပေးထားပြီး ၇ ရက်အတွင်းမှာဒေါင်းလုပ်လုပ်နိုင်ပါတယ်။Resume လုပ်လို့ ရတဲ့အတွက်အဆင်ပြေပါတယ်။

BOXOPUS

နောက် free web service တစ်ခု က  boxopus ပါ။Boxopus ဆိုက်က စဖွင့်ဖွင့်ချင်းမှာ torrent ဖိုင်တွေကိုဒေါင်းလုပ်လုပ်ပေးနိုင်တဲ့အပြင် သင့် ရဲ့  dropbox အကောင့်ဆီကိုပါဒေါင်းလုပ်လုပ်ပြီးတဲ့ဖိုင်တွေကို ပို့ ပေးနိုင်ပါတယ်။နောက်ပိုင်မှာတော့ dropbox ကခွင့်မပြုတော့တဲ့အတွက် dropbox အကောင့်ကို မပို့ ပေးနိုင်တော့ပါဘူး။ဒါပေမယ့် ဒေါင်းလုပ်လုပ်ထားတဲ့ ဖိုင်တွေကို boxopus ကနေ ၂၄ နာရီအတွင်းမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Boxopus မှာ အကောင့်တစ်ခုလုပ်ပြီးရင်ဒါမှမဟုတ် facebook ,twitter အကောင့်တွေနဲ့ sign in လုပ်ပြီးရင် သင့် torrent(.torrent) ဖိုင်ကို upload လုပ်ပါ။နောက်တစ်နည်းက magnet link or url ကိုနှိပ်ပြီး torrent ကို upload လုပ်စရာမလိုဘဲ torrent site က  torrent or magnet link ကို copy and paste လုပ်ပါ။  ပြီးရင် put in my dropbox ကိုနှိပ်ပါ။

3

နောက် page တစ်ခုပေါ်လာရင် start download ကိုနှိပ်ပါ။ဒါဆိုရင် torrent ဖိုင် ကို ဒေါင်းလုပ်စဆွဲပါပြီ။သင့် torrent ဖိုင်ရဲ့  share ratio(seeder-leecher ratio),file size အပေါ်မူတည်ပြီးအချိန်ကြာမြင့်ပါလိမ့်မယ်။Status မှာ complete ဖြစ်သွားရင်တော့ သင်ဖိုင်ကို ကြိုက်နှစ်သက်ရာ ဒေါင်းလုပ်မန်နေဂျာနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါပြီ။Max file size ကို 2 gb သတ်မှတ်ထားပြီး ၂၄ နာရီအတွင်းမှာဒေါင်းလုပ်လုပ်နိုင်ပါပြီ။

Leave a Reply

Subscribe to Posts | Subscribe to Comments

Blogger Tricks

Popular Post

Blogger templates

Blog Archive

Footer Widget 1

Text here

More Text

Total Pageviews (01/03/2012)

Footer Widget 3

ADVERTISMENT

Pages

Poll

Footer Widget 2

Powered by Blogger.

Blog Archive

Followers

- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -