- Back to Home »
- How To and Tips , Windows Tips And Tricks »
- How To Remove All Modern Applications From Windows 8
Windows 8 မှာ နဂို ပါရှိလာတဲ့ Modern or Metro applications တွေကို တွေ့ မြင်နိုင်ပါတယ်။အဲဒီ applications တွေ ဟာ touch screen device တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာပါ။သင်ဟာ touch screen device တွေကို အသုံးပြုသူမဟုတ်ရင် အဲဒီ applications တွေအားလုံးကို တစ်ပြိုင်နက်တည်း ဖြုတ် နိုင်ပါတယ်။Windows Store ကိုတော့ဖြုတ်လို့ မရပါဘူး။အဲဒီအတွက် ဖြုတ်လိုက်တဲ့ modern apps တွေကို သင်နောက်ပိုင်းမှာပြန်အသုံးပြုချင်ရင် Windows Store ကနေပြန်ပြီးအင်စတောလုပ်နိုင်ပါတယ်။Application တစ်ခုချင်းစီ ကို ပဲသီးသန့် ဖြုတ်ချင်ရင်တော့ Customize The Windows 8 Start Screen ဆိုတဲ့ ဆောင်းပါးကိုဖတ်ပါ။
Win + C ကို နှိပ်ပြီး charm bar ရဲ့  search ကနေ powershell လို့ ရိုက်ပါ။Windows PowerShell ပေါ်မှာ right click နှိပ်ပြီး Run As Administrator ကို နှိပ်ပါ။Ctrl+Shift+Enter ကို နှိပ်ပြီးလည်း admin အနေနဲ့ run နိုင်ပါတယ်။
Windows PowerShell ကနေအောက်က command ကို ရိုက်ပြီး သင့် windows 8 မှာ အင်စတော လုပ်ထားတဲ့ Modern apps တွေကို တွေ့ မြင်နိုင်ပါတယ်။
Get-AppxPackage –AllUsers
Metro Apps တွေကို ဖြုတ်လို့ ရတဲ့ Command တွေ အမျိုးမျိုးရှိပါတယ်။
System တစ်ခုလုံးကနေဖြုတ်ပစ်ဖို့ အတွက် အောက်က command ကိုသုံးပါ။ဒါဆိုရင် user account တစ်ခု အသစ်ပြုလုပ်ပြီးသုံးရင်လည်း metro apps တွေကို တွေ့ မြင်ရမှာမဟုတ်ပါဘူး။
Get-AppXProvisionedPackage -online | Remove-AppxProvisionedPackage –online
အခုလက်ရှိသုံးနေတဲ့ အကောင့် တစ်ခု ထဲက Metro apps တွေကို ဖြုတ်ပစ်ဖို့ အတွက် အောက်က command ကိုသုံးပါ။
Get-AppXPackage | Remove-AppxPackage
တစ်ခြား အကောင့် က Metro apps တွေအားလုံးကို ဖြုတ်ပစ်ဖို့ အတွက် အောက်က command ကိုသုံးပါ။username နေရာမှာ အကောင့် user name ကို ပြောင်းပေးပါ။
Get-AppXPackage -User <username> | Remove-AppxPackage
User accounts အားလုံးကနေ metro apps တွေအားလုံးကို ဖြုတ်ပစ်ဖို့ အတွက် အောက်က command ကို သုံးပါ။
Get-AppxPackage -AllUsers | Remove-AppxPackage
Metro apps တွေကို ဖြုတ်ပြီးသွားရင်တော့ အောက်ကပုံမှာတွေ့ ရတဲ့အတိုင်းပဲ Windows Store တစ်ခုထဲ ကျန်ရှိနေတာတွေ့ မြင်နိုင်ပါတယ်။