Posted by : Thu Ya Saturday, December 15, 2012

1

သင် facebook မှာ ရှိနေတာကို သင့် သူငယ်ချင်းတွေ မသိအောင် လုပ်ပေးနိုင်တဲ့နည်းလေးကို မျှဝေပေးချင်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်  သင် မတွေ့ ချင်တဲ့ သူငယ်ချင်း တွေကို မမြင်အောင်လုပ်နိုင်သလို ၊ သင်တွေ့ ချင်တဲ့ သူငယ်ချင်းကို ပဲ ရွေးပြီး မြင်အောင်လုပ်နိုင်ပါတယ်။သူငယ်ချင်းတစ်ယောက်ချင်း ရွေးနိုင်သလို friend list တွေကို လည်းရွေးချယ်နိုင်ပါတယ်။Facebook ရဲ့  list feature ဟာ google plus ရဲ့ circle နဲ့ ဆင်တူပါတယ်။သင် share လုပ်တာကို သင့်အနီးကပ်ဆုံးသူငယ်ချင်းတွေကို ပဲ သိစေချင်တဲ့အခါ၊ အလုပ်ကသူငယ်ချင်းတွေကို ပဲသိစေချင်တဲ့အခါမျိုးတွေမှာ list feature ကအသုံးဝင်ပါတယ်။ 

Organize Your Friends Into List

Facebook မှာ friend list တစ်ခု ပြုလုပ်ဖို့  အတွက် ဒီ link ကို နှိပ်ပြီးတိုက်ရိုက်သွားနိုင်သလို  facebook ရဲ့  ဘယ်ဘက် side bar မှာ FRIENDS ကို ရှာပါ။မတွေ့ ရင် အောက်ဆုံးက drop down arrow ပါတဲ့  MORE ဆို တဲ့ လင့်ကိုနှိပ်ပါ။ပြီးရင် FRIENDS ရဲ့ ညာဘက်ဘေးက MORE ကိုနှိပ်ပါ။

2

List ပြုလုပ်တဲ့ page ရောက်ရင် အသင့်ပြုလုပ်ပြီးသား list တွေကို တွေ့ မြင်နိုင်ပါတယ်။အဲဒီ list တွေက facebook ကသင့်အတွက် အလိုလို ပြုလုပ်ပေးထားတဲ့ list တွေပါ ။Custom list တစ်ခုပြုလုပ်ဖို့ အတွက် Create List ကိုနှိပ်ပါ။

3

နောက် box တစ်ခုပေါ်လာရင် list နာမည်ပေးပြီး Create  နှိပ်ပါ။

vlcsnap-00002

နောက် page တစ်ခုပေါ်လာရင် အဲဒီ list မှာ သင့်သူငယ်ချင်းတွေကို ထည့်သွင်းဖို့ အတွက် Add friends ကိုနှိပ်ပါ။

5

နောက် ပေါ်လာတဲ့  box မှာ သူငယ်ချင်းတွေကို ရွေးချယ်ပြီး list ထဲထည့်သွင်းနိုင်ပါတယ်။ ပြီးရင် finish နှိပ်ရင် list တစ်ခုပြုလုပ်ပြီးပါပြီ။အဲဒီ list ကို အချိန်မရွေး ဖျက်နိုင်သလို edit လုပ်နိုင်ပါတယ်။

vlcsnap-00001

Deciding Who Can See You Online And Who Can’t

သင်  facebook မှာ ရှိနေတာ ကို သင်မြင်စေ ချင်တဲ့သူငယ်ချင်းပဲမြင်နိုင်ဖို့  ဒါမှမဟုတ် သင်မမြင်စေချင်တဲ့ သူငယ်ချင်းတွေမမြင်အောင်လုပ်ဖို့ အတွက် facebook chat က setting ကို နှိပ်ပြီး Advanced Settings ကိုနှိပ်ပါ။

7

သင် မမြင်စေချင်တဲ့သူငယ်ချင်းတွေ ၊ friend list တွေကို  မမြင်အောင်လုပ်ဖို့ အတွက် Turn on chat for all friends except ကိုရွေးပြီး သူငယ်ချင်းနာမည်တွေ list တွေရိုက်ထည့်ပေးပြီး ရွေးချယ်နိုင်ပါတယ်။ဒါမှမဟုတ် သင်ရွေးချယ်တဲ့သူငယ်ချင်းတွေ၊ friend list တွေကို ပဲ မြင်စေချင်ရင်တော့ Turn on chat for only some friends ကိုရွေးပေးပြီး friends , friend list တွေကို ရွေးပေးပါ။ချက်တစ်ခုလုံးကို ပိတ်ထားချင်ရင်တော့ Turn off chat ကိုရွေးပေးပါ။

8

Leave a Reply

Subscribe to Posts | Subscribe to Comments

Blogger Tricks

Popular Post

Blogger templates

Blog Archive

Footer Widget 1

Text here

More Text

Total Pageviews (01/03/2012)

Footer Widget 3

ADVERTISMENT

Pages

Poll

Footer Widget 2

Powered by Blogger.

Blog Archive

Followers

- Copyright © 8 ui -Metrominimalist- Powered by Blogger - Designed by Johanes Djogan -