- Back to Home »
- How To and Tips , Web Apps And Internet »
- How To Download Wikipedia For Offline Reading
Wikipedia စာဖတ်သူအားလုံးကို မိတ်ဆက်ပေးစရာမလို တဲ့ ကမ္ဘာ့ စွယ်စုံကျမ်း website တစ်ခုပါ။ကျွန်တော့်တို့ ဟာသတင်းအချက်အလက် တွေ ရရှိဖို့ Google ကို အသုံးပြုပြီး ရှာဖွေ ရပါတယ်။ ပြီးရင်သတင်း source ရှိတဲ့ Website ကိုသွားဖတ်ရပါတယ်။ ဒီလို သတင်းအချက်အလက်တွေကို တစ် နေ ရာ ထဲ မှာ ပြည့် ပြည့်စုံ စုံဖတ် ရှု နိုင် တဲ့ Website ကတော့ Wikipedia ပါ။တ ကယ်လို့  သင်ဟာ internet connection မရှိတဲ့ နေရာကို ရောက်နေရင်သော်လည်းကောင်း၊ Wikipedia Articles တွေကို offline ဖတ်ရှုချင်ရင်သော်လည်းကောင်း သင်ဘယ်လို လုပ်မလဲ? အဲဒီလိုအပ်ချက်ကို Wikipedia က offline wikipedia version ကို ပြုလုပ်ပြီး ဖြည့်ဆည်းပြီးပါပြီ။
WikiTaxi
Wikipedia Offline Version နဲ့ တွဲဖက်အသုံးပြုဖို့  WikiTaxi ဆိုတဲ့ application ကို အသုံးပြုရမှာပါ။ WikiTaxi application ကို run ပြီးရင် wikipedia articles တွေကို offline ဖတ်ဖို့  wiki backup တွေကို download လုပ်ရမှာပါ။ ကြိုက်နှစ်သက်ရာ language version တွေကို ရွေးချယ်ပေးပါ။
ပြီးရင် နောက် တစ်ဆင့်မှာ သင်ကြိုက်နှစ်သက်ရာ wiki backup ကို ရွေးချယ်ပါ။ latest ကတော့ ဖိုင်ဆိုက်အကြီးဆုံးနဲ့  အပြည့်စုံဆုံးဖြစ်ပါတယ်။
နောက်တစ်ဆင့်မှာတော့ အောက်ကပုံမှာပြထားတဲ့ ဖိုင်လိုမျိုးဖိုင်ကို ရွေးချယ်ပေးပါ။
ဒါဆိုရင် xml ဖိုင်ကို ဒေါင်းလုပ်စဆွဲပါပြီ။ ဒေါင်းလုပ်ဆွဲပြီးရင် wiki taxi importer ကို run ပြီး သင် ဒေါင်းလုပ်ဆွဲထားတဲ့ဖိုင်ကို ရွေးပေးပါ။နောက်တစ်ခုမှာ database file ကို သိမ်းမယ့်နေရာကို ရွေးပေးပါ။
ဒီအဆင့်ပြီးရင်တော့ WikiTaxi ကို သုံးပြီး Wikipedia ကို offline ဖတ်လို့ ရပါပြီ။WikiTaxi ကို run ပြီး အောက်ကပုံမှာပြထားတဲ့ link ကိုနှိပ်ပြီး သင် ရဲ့  database file ကို ရွေးပေးပါ။
WikiTaxi Latest Version ကို WikiTaxi.org မှာ Download လုပ်ပါ။