Archive for February 2013
How To Install Windows From Your Phone
How To Install Windows From A USB Stick ဆိုတဲ့ ဆောင်းပါးကို ရေးပေးပြီးပါပြီ။အခုတစ်ခါတော့ သင့် android phone ကနေ windows ကို အင်စတောလုပ်ဖို့ နည်းကို ရေးပေးပါမယ်။ Windows installer disc ကို သင့် ဖုန်း မှာ ဆောင်သွားသလို ပါပဲ ။အဲဒီလို ဆောင်ထားတဲ့အတွက် သင့်ဖုန်းကနေပဲ ၀င်းဒိုး အင်စတောလုပ်တာတွေ၊ ၀င်းဒိုးကို repair လုပ်တာတွေ၊system restore လုပ်တာတွေ၊၀င်းဒိုးကပြဿနာတွေကို အဖြေရှာတာတွေ၊Boot မတက်တော့တဲ့ ကွန်ပြူတာကဖိုင်တွေကို ပြန်လည်ရှာဖွေ သိမ်းဆည်း တာတွေ ကို ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် DriveDroid ဆို တဲ့ android application ကိုသုံးပါမယ်။သင့်ဖုန်းဟာ root လုပ်ထားဖို့ လို ပါတယ်။နောက်ပြီး DriveDroid က android 2.2 နဲ့ သူ့ အထက်မှာ ပဲအလုပ်လုပ်ပါတယ်။
သင့်မှာလိုအပ်တာတွေက
DriveDroid (Google Play Store) (or) DriveDroid 0.7.2 (My Dropbox)
4GB free space on your Android phone(Rooted)
A Windows 7 installation disk or ISO (ဒီဆောင်းပါးမှာတော့ သင့်ဖုန်းကနေ Windows 7 ကိုအင်စတောလုပ်နည်းကို ရေးဖို့ အတွက် Windows 7 ကိုသုံးမှာပါ။တစ်ခြား Windows OS တွေကိုလည်းသုံးနိုင်ပါတယ်။)
A PC with Windows 7 and 7-zip installed (Windows Installer Disc ကို အသုံးပြုမယ့်သူတွေအတွက် 7-zip မလို ပါ။)
Diskpart utility (Windows 7 မှာ နဂိုပါပြီးသားဖြစ်ပြီး မရှိရင် Download လုပ်ပါ။)
Image Creation
သင့်ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။သင့်ဖုန်းက DriveDroid ကို run ပြီး preferences ထဲက USB Mass Storage(UMS) ဆိုတဲ့ check box မှာအမှန်ခြစ်ပေးပါ။
ပြီးရင် + button ကိုနှိပ်ပြီး Create blank image ကိုနှိပ်ပါ။Windows 7.img လို့ နာမည်ပေးပြီး 3500 MB လို့ ဆိုက်သတ်မှတ်ပေးပါ။Partition table(MBR) ဆိုတဲ့ check box မှာ အမှန်ခြစ်ဖြုတ်ပေးပါ။နောက်ပြီး file system ဆိုတဲ့ dropdown arrow ကိုနှိပ်ပြီး None ရွေးပေးပါ။ပြီးရင် Create image ညာဘက်က အမှန်ခြစ်ပုံကို နှိပ်ပါ။
ဒါဆိုရင် background မှာ blank image တစ်ခု ဖန်တီးနေပြီး notification bar ကိုဆွဲချပြီးကြည့်ရှုနိုင်ပါတယ်။
Partitioning and Formatting
DriveDroid ကနေပြုလုပ်ပြီးတဲ့ blank image ကို တစ်ချက်နှိပ်ပါ။Option မှာ (read-write) ကိုရွေးပေးပါ။Windows က format ချဖို့ အသိပေးမှာဖြစ်ပြီး Cancel ကိုနှိပ်ပါ။
Start menu ကနေ cmd.exe လို့ ရိုက်ပြီး command prompt ကိုဖွင့်ပါ။ပြီးရင် diskpart လို့ ရိုက်ပြီး enter ခေါက်ပါ။
ချိတ်ဆက်ထားတဲ့ disk တွေကို တွေ့ ရဖို့  list disk ဆိုတဲ့ command ရိုက်ပေးပါ။
ပြုလုပ်ထားတဲ့ 3500 mb ဆိုက်ရှိတဲ့ Disk 3 ကို တွေ့ မြင်ရပြီး select disk 3 ကို ရိုက်ပါ။
နောက်တစ်ဆင့်မှာ clean လို့ ရိုက်ပါ။
နောက်တစ်ဆင့်မှာ create partition primary လို့ ရိုက်ပါ။
format fs=ntfs quick လို့ ရိုက်ပြီး ntfs file system အနေနဲ့ format ချပါ။
ပြီးရင် active လို့ ရိုက်ပေးပါ။
exit ရိုက်ပြီး command prompt ကိုပိတ်ပါ။
Copying Files
ဒါဆိုရင် ntfs file system format ပြုလုပ်ပြီးတဲ့ disk တစ်ခုရရှိပါပြီ။ဒီဆောင်းပါးမှာတော့ပြုလုပ်ထားတဲ့ disk ဟာ disk G ပါ။
သင့်မှာ windows installer disc ရှိရင်တော့ အဲဒီ disc ထဲက ဖိုင်တွေကို ပြုလုပ်ထားတဲ့ disk ထဲကို ကော်ပီကူးထည့်ပါ။ISO ဖိုင်အသုံးပြုသူတွေ အတွက် ISO ဖိုင်ကို right click နှိပ်ပြီး 7-zip>Extract files ကိုနှိပ်ပါ။
Destination ကို ပြုလုပ်ထားတဲ့ Disk ကို ရွေးပေးပါ။
ဖိုင်တွေကို extract လုပ်ပြီးရင်တော့ disk ထဲကို ၀င်ကြည့်ရင်အောက်ကပုံမှာလို တွေ့ ရမှာပါ။
ဒါဆိုရင် သင့်ဖုန်း ကနေ windows အင်စတောလုပ်ဖို့ ပြုလုပ်ပြီးပါပြီ။သင်အင်စတောလုပ်ချင်တဲ့ကွန်ပြူတာ က BIOS setting မှာ USB ကနေ boot တက်ဖို့ ရွေးပေးပြီး ၀င်းဒိုးအင်စတောလုပ်လို့ ရပါပြီ။
Windows 7 (Home Premium , Professional & Ultimate)
Windows 8 Professional ကိုဒေါင်းလုပ်လုပ်ဖို့ ဆောင်းပါး ရေးပေးဖူးပါတယ်။Windows 8 မသုံးချင်သေးသူတွေ အတွက် Windows 7 Home Premium,Professional,Ultimate စတဲ့  OS တွေ ရဲ့  official direct download link တွေကို ရှာတွေ့ လို့ မျှဝေလိုက်ပါတယ်။ISO ဖိုင်အနေနဲ့ ဒေါင်းလုပ်ရရှိမှာဖြစ်ပြီး ISO Burner တွေ နဲ့  cd/dvd မှာ burn ပြီးသုံးနိုင်ပါတယ်။Genuine ဖြစ်အောင်လုပ်ဖို့ အတွက် Windows 7 Loader ကို အသုံးပြုနိုင်ပါတယ်။
Download Windows 7 Professional with Service Pack 1 (SP1):
Download Windows 7 Home Premium with Service Pack 1 (SP1):
Download Windows 7 Ultimate with Service Pack 1 (SP1):
Download Windows 7 Professional RTM without SP1:
Download Windows 7 Home Premium RTM without SP1:
Trick To Install Incompatible Android Applications From Google Play
Google Play Store က Android Applications တွေကို ဒေါင်းလုပ်လုပ်လို့ ရပြီလား? မရသေးရင် ဒီဆောင်းပါး နဲ့  ဒီဆောင်းပါး နှစ်ခုကိုဖတ်ပါ။Google Play Store က သင့် android device နဲ့  compatible ဖြစ်တဲ့ applications တွေကို ဒေါင်းလုပ်လုပ်ခွင့်ပေးပါတယ်။သင့် android device နဲ့  compatible မဖြစ်တဲ့ applications တွေကို ဒေါင်းလုပ်လုပ်ချင်ရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်ပါ။ဒီလို လုပ်ဖို့ နည်းနှစ်နည်းရှိပါတယ်။ပထမ နည်းက market helper ဆိုတဲ့ application ကို သုံးမှာပါ။နောက်တစ်နည်း ကတော့ သင့် android device က device model ကို ဖော်ပြပေးတဲ့ bulid.prop ဆိုတဲ့ ဖိုင်ကို ပြင်မှာပါ။ဒီနည်းနှစ်နည်းစလုံးက သင့် android device ကို model မြင့်တဲ့ device အမျိုး အစားအဖြစ် google play store ကထင်စေမှာဖြစ်တဲ့ အတွက်အဲဒီ model မြင့်  android device နဲ့  compatible ဖြစ်တဲ့ applications တွေကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Using Market Helper
Market Helper ကိုသုံးဖို့ သင့် android device ဟာ root လုပ်ပြီးသားဖြစ်ရပါမယ်။One click root tool တစ်ခု ဖြစ်တဲ့ SRS Root အကြောင်းရေးပေးထားပါတယ်။စမ်းသုံးကြည့်ပါ။အရင်ဆုံး Market Helper ကို ဒေါင်းလုပ်လုပ်ပြီး သင့် android device မှာ အင်စတောလုပ်ပါ။ပြီးရင် အင်တာနက်ချိတ်ပြီး market helper ကို run ပါ။ (တစ်ခုမှတ်ထားရမှာက google play store က android applications တွေကို ဒေါင်းလုပ်လုပ်ဖို့ ရေးထားတဲ့ဆောင်းပါးတစ်ခုမှာ Market Unlocker ဆိုတဲ့ application ကို သုံးထားပါတယ်။Market Helper က Market Unlocker ကို အသုံးပြုထားရင် အလုပ်ကောင်းကောင်းမလုပ်တာတွေ့ ရပါတယ်။ဒါ့ကြောင့် သင့်ဖုန်းမှာ Market Unlocker အင်စတောလုပ်ထားရင်Market Unlocker မှာ Enable Unlocker, Enable Proxy စတာတွေကို Off အရင်လုပ်ပြီးမှ Market Helper ကို run ပါ။)Select Device မှာ Phone ကိုရွေးပေးပြီးညာဘက်က dropdown arrow ကိုနှိပ်ပြီး HTC One X+ (or) LGE Nexus 4 (or) Samsung Galaxy S3 စတဲ့ ဖုန်း အမျိုးအစားသုံးမျိုး ထဲက သင်ကြိုက်နှစ်သက်ရာရွေးပေးပါ။Select Operator မှာ လည်း သင်နှစ်သက်ရာရွေးနိုင်ပါတယ်။ပြီးရင် Activate ကိုနှိပ်ပါ။
နောက်အဆင့်မှာ Google Dashboard ဆိုတဲ့ လင့်ကို နှိပ်ဖို့ အရေးကြီးပါတယ်။လင့်ကိုနှိပ်ပြီး သင့် google dashboard ကိုသွားပါ။Google Dashboard ကို တစ်ခါသွားဖို့  market helper ရဲ့ developer ကညွှန်ကြားထားတဲ့ အတွက်ပါ။အဲဒီ page ကို ရောက်ဖို့ ပဲလို ပြီးဘာမှပြုပြင်စရာမလိုပါဘူး။
Google Dashboard ကိုရောက်ရင် Android device မှာ သင့် ဖုန်း အမျိုးအစားက အပေါ်မှာ သင်ရွေးချယ်ထားတဲ့ဖုန်း အမျိုးအစားဖြစ်နေပါပြီ။
ပြီးရင် Hide Man (or) TunnelBear တို့ လို vpn application တွေကို သင့် android device မှာ သုံးပြီး Google Play Store ကိုဝင်ပါ။ သင် market helper မှာ ရွေးချယ်ထားတဲ့ android device နဲ့  compatible ဖြစ်တဲ့ android application တွေကို ဒေါင်းလုပ်လုပ်လို့ ရပါပြီ။Market Unlocker သုံးစရာမလိုတော့ပါဘူး။သင့် android device ရဲ့  မူလ model ကို ပြန်သုံးချင်ရင် market helper မှာ Select Device မှာ Restore ကို ရွေးပြီး Select Operator မှာ Restore ကို ရွေးပေးပြီး Activate ကိုနှိပ်ပါ။ပြီးရင် Google Dashboard ကို တစ်ခေါက်ပြန်သွားပေးပါ။နောက်တစ်နည်းကသင့် ဖုန်းကို restart ချလိုက်ရင်လည်း မူလ device အနေအထားကို ပြန်ရောက်သွားပါတယ်။
Editing Build.prop
သင့် android device ရဲ့  model ကို bulid.prop ဆိုတဲ့ဖိုင် က ဖော်ပြပါတယ်။အဲဒီဖိုင်က device model ကို model မြင့်တဲ့ သင်နှစ်သက်ရာ device အဖြစ် ပြင် လိုက်ပြီး Google ကိုလှည့်စားလို့ ရပါတယ်။ES file manager က setting ကို သွားပြီး Root settings မှာ Root Explorer , Mount File System ဆိုတဲ့ check box နှစ်ခု ကို အမှန်ခြစ်ပေးပါ။ ဒီနည်းကိုသုံးဖို့ လည်း သင့် ဖုန်း ဟာ root လုပ်ပြီးသားဖြစ်ရပါမယ်။
ပြီးရင် system/ အောက်ကို သွားပြီး build.prop ဆိုတဲ့ဖိုင်ပေါ်မှာ ဖိထားပြီး Copy ကိုနှိပ်ပြီး တစ်ခြားနေရာ (Sd card) အောက်မှာ Paste လုပ်ပြီးသေချာသိမ်းထားပါ။ဒါမှ သင့် device model ကို ပြန် restore လုပ်ချင်ရင် ဒီဖိုင်ကို ပြန်အသုံးပြုနိုင်မှာပါ။
ပြီးရင် system/ အောက် ကို ပြန်သွားပြီး build.prop ဖိုင်ကို ဖိထားပြီး Open As > Text > ES Note Editor ကိုနှိပ်ပါ။
ro.product.model and ro.product.manufacturer ဆိုတဲ့ လိုင်းနှစ်လိုင်းကို ရှာပါ။
ပြီးရင် ဥပမာအားဖြင့် samsung nexus s ဖုန်း အမျိုးအစားအဖြစ်အသုံးပြုချင်ရင် အောက်ကအတိုင်းပြင်ပေးပါ။
- ro.product.model = Nexus S
- ro.product.manufacturer = samsung
သင် ဟာ ဖုန်း model တွေနဲ့ အကျွမ်းဝင်သူ တစ်ယောက်ဆိုရင် သင်နှစ်သက်ရာ model ကို ပြင်နိုင်ပါတယ်။
ပြီးရင် menu ကိုနှိပ်ပြီး Save ကိုနှိပ်ပါ။
နောက်ဆုံးအဆင့်အနေနဲ့ သင့်ဖုန်း ရဲ့  Settings>Applications>Manage Applications> Google Play Store(or) Market ကိုနှိပ်ပြီး Clear data ကို နှိပ်ပါ။
သင့် ဖုန်း ကို restart ချပြီး Hide Man (or) TunnelBear စတဲ့ vpn application တွေကို သုံးပါ။ပြီးရင် Market Unlocker ကိုသုံးပါ။ပြီးရင်တော့ build.prop မှာသင်ပြုပြင်ထားတဲ့ ဖုန်း အမျိုးအစားနဲ့  compatible ဖြစ်တဲ့ android applications တွေကို google play store ကနေ ဒေါင်းလုပ်လုပ်လို့ ရပါပြီ။
SRS Root : One Click Root For Android
Android Devices တွေကို လွယ်လွယ်ကူကူ one click နှိပ်ရုံနဲ့  root လုပ်ပေးနိုင်ပါတယ်။Android Version 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2 စတာတွေကို root လုပ်ပေးနိုင်ပါတယ်။Root လုပ်ပေးနိုင်တဲ့ supported devices တွေကို official page မှာ ကြည့်ရှုနိုင်ပါတယ်။Root မလုပ်ခင် သင့် android device ကို Backup လုပ်ထားသင့်ပါတယ်။
အရင်ဆုံးသင့်ဖုန်းမှာ Settings>Applications အောက် က Unknown sources ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပါ။
ပြီးရင် Settings>Applications>Development အောက်က USB debugging ဆိုတဲ့ check box ကို အမှန်ခြစ်ပေးပါ။
Android device ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။သင့်ကွန်ပြူတာ မှာ SRS Root ကို အင်စတောလုပ်ပြီးရင် run ပါ။Root Device(Permanent) ကိုနှိပ်ပါ။
SRS Root က freeware ဖြစ်ပြီး official site မှာ latest version ကို Download လုပ်နိုင်ပါတယ်။
Add Your Social Feeds To Your Email Signature With WiseStamp
သင့် အီးမေး (gmail,yahoo,hotmail) စတဲ့ အီးမေး တွေ မှာ သင့်ရဲ့  social feed လှလှလေး တွေကိုထည့် သွင်းပေးနိုင်တဲ့ free web service တစ်ခု ပါ။သင့်အီးမေးကို လက်ခံရရှိတဲ့သူ က အပေါ်ကပုံမှာတွေ့ ရသလို သင့်ရဲ့ ဖုန်း၊အီးမေးလိပ်စာ၊၀က်ဆိုက်၊နေရပ်လိပ်စာအပြင်သင့် ရဲ့  social network တွေကို ဆက်သွယ်နိုင်တဲ့ လင့် တွေကိုရရှိနိုင်ပါတယ်။ဒါ့အပြင်သင့် ရဲ့  social network တွေက latest post တွေကို ပါ မြင်တွေ့ နိုင်ပါတယ်။ Chrome, Firefox, Internet Explorer, and Safari browsers တွေမှာအသုံးပြုနိုင်ပြီး အဲဒီ browser တွေမှာ WiseStamp (Add-on,Extension) ကို အင်စတောလုပ်ရမှာပါ။
ဒီဆောင်းပါးမှာတော့ chrome browser ကနေ WiseStamp ကို အသုံးပြုနည်းကို ရေးပေးမှာပါ။အင်စတောလုပ်ပြီးရင် Popup window တစ်ခုပေါ်လာပြီး setup လုပ်ရမှာပါ။ပထမဆုံး window မှာ Next နှိပ်ပါ။နောက် ၀င်းဒိုး မှာတော့ သင့် facebook အကောင့်နဲ့ signup လုပ်နိုင်သလို အကောင့်တစ်ခု သီးသန့် ပြုလုပ်နိုင်ပါတယ်။
နောက်အဆင့်မှာတော့ သင့်နာမည်၊ဖုန်း ၊လိပ်စာ၊၀က်ဆိုက် စတာတွေ ထည့်သွင်းပေးပါ။သင့်ပုံကို upload လုပ်နိုင်သလို သင်ကြိုက်နှစ်သက်ရာပုံကို upload လုပ်ပြီးအသုံးပြုနိုင်ပါတယ်။
နောက်အဆင့်မှာသင်ကြိုက်နှစ်သက်ရာ template ကိုရွေးချယ်နိုင်ပါတယ်။
နောက်အဆင့်မှာ သင့်ရဲ့  အီးမေး မှာ ပေါ်မယ့် ပုံစံကို မြင်တွေ့ နိုင်ပြီး Continue ကိုနှိပ်ပါ။
နောက်အဆင့်မှာတော့ သင့်အီးမေးရဲ့  signature ကို edit လုပ်နိုင်ပါတယ်။ဖောင့် အမျိုးအစား၊အရွယ်အစား၊အရောင်၊alignment ၊ bold,underline,italic စတာတွေကို သင့်စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။Email Apps ကိုနှိပ်ပြီး သင့် social network တွေက latest post တွေကိုထည့်သွင်းနိုင်ပါတယ်။သင့်ရဲ့  social network ကို click တစ်ချက်နှိပ်ပြီး Add App ကိုနှိပ်ပါ။ပြီးရင်သင့်အကောင့်နဲ့ လင့်လုပ်ပေးပါ။
Preview ကိုနှိပ်ပြီးကြည့်ရင်အောက်ကပုံမှာလို သင့် social network က latest post ကို တွေ့ ရမှာပါ။
Social Icons ကိုနှိပ်ပြီး သင့် social network တွေကို ရွေးချယ်ပေးပြီး သက်ဆိုင်ရာ အကောင့်က profile page url တွေကို ဖြည့်ပေးပါ။
Preview ကိုနှိပ်ကြည့်ရင် သင့်ရဲ့  social icon တွေကို မြင်တွေ့ နိုင်ပြီး သင့် အီးမေးကို လက်ခံရရှိတဲ့သူက အဲဒီလင့်တွေကနေ သင့် social network တွေကို join လုပ်နိုင်ပါတယ်။
Format ကိုနှိပ်ပြီး Text only,Text and icons,Icons only စတာတွေ ရွေးချယ်နိုင်ပါတယ်။
IM icons မှာ သင့် messenger services(google talk,skype,yahoo messenger,aim,msn) စတဲ့ အကောင့်တွေက icons တွေထည့်သွင်းနိုင်ပါသေးတယ်။Design မှာ border type,background color စတာတွေ ရွေးချယ်နိုင်ပါတယ်။ပြီးရင် Apply,OK နှိပ်ပြီးသင့်အီးမေးကို သွားကြည့်ပါ။သင့်မှာ အီးမေး အကောင့်တစ်ခုထက်ပိုရှိရင် သင်ပြုလုပ်ထားတဲ့ အီးမေး signature ကို အဲဒီအကောင့်အားလုံးအတွက်လည်းသုံးဖို့ ရွေးချယ်နိုင်မယ့် box တစ်ခုကျလာမှာပါ။ပြီးရင်တော့ သင့် အီးမေး က compose page မှာ သင့်  အီးမေး signature လှလှလေးကို အောက်ကပုံမှာလို တွေ့ မြင်နိုင်မှာပါ။တစ်ခု မှတ်ထားရမှာက ဂျီမေးရဲ့  old compose မှာပဲ WiseStamp ကအလုပ်လုပ်ပေးနိုင်ပြီး new compose မှာတော့အလုပ်မလုပ်ပါဘူး။
Checkout WiseStamp @ www.wisestamp.com
Your Guide To Google Drive
Google Drive ကို Google က April 24, 2012 မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။အရင် Google Docs လို့ သိကြတဲ့ Web-based office suite ကနေ အသွင်ပြောင်းလာတာပါ။Google Drive ကို Google account တစ်ခု ရှိရင် အသုံးပြုလို့ ရပြီး အခမဲ့ 5 gb storage space ရရှိမှာ ပါ။ Google Drive မှာ သင့်ဖိုင် တွေ ကို upload လုပ်ပြီးသိမ်းထားနိုင်ပြီး သင်ဘယ်နေရာရောက်ရောက်အသုံးပြုနိုင်ပါတယ်။Google Drive ကသင့်ဖိုင်တွေကို Gmail,Facebook,Twitter,Google Plus ကနေ တစ်ဆင့် သင့်သူငယ်ချင်း ၊မိတ်ဆွေ တွေကို share လုပ်နိုင်ပါတယ်။ Google Drive ကသင့်ဖိုင်တွေကို Windows , Android , IOS device တွေ နဲ့ sync လုပ်နိုင်ဖို့  Google Drive Application တွေ ကိုလည်းဒေါင်းလုပ်လုပ်နိုင်ပါတယ်။တစ်ခြား cloud storage တွေထက်အားသားတဲ့ အချက်တွေက video, image, microsoft office documents,adobe photoshop,pdf စတဲ့ဖိုင် တွေ အပြင် တစ်ခြားဖိုင် အမျိုးအစား(၃၀) ကျော်ကို Google Drive မှာ ပဲကြည့်ရှုနားဆင်နိုင်ပါတယ်။Google Drive မှာ Preview ကြည့်နိုင်တဲ့ Supported File Types တွေ အားလုံးကို official page မှာ ကြည့်ရှုနိုင်ပါတယ်။Microsoft Office Document အပါအ၀င် တစ်ခြား ဖို်င် အမျိုးအစားတွေကို Google Docs အဖြစ်ပြောင်းလဲ နိုင်ပြီး edit လုပ်နိုင်သလို edit လုပ်ထားတဲ့ Google Docs ဖိုင်ကို Microsoft Office Document အပါအ၀င်တစ်ခြား ဖိုင် ဖောက်မက်တွေအနေနဲ့ ပြောင်းလဲပြီးဒေါင်းလုပ်လုပ်နိုင်ပါတယ်။Google Docs အဖြစ်ပြောင်းလဲပေးနိုင်တဲ့ Supported File Types တွေကို official page မှာ ကြည့်ရှုနိုင်ပါတယ်။နောက်ပြီး Google Drive ကနေ Google Docs ဖိုင်တွေကို ပြုလုပ်နိုင်ပြီး Microsoft Office Document,plain text file,pdf,html ဖိုင် အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက Google Drive ကို ပိုမိုအသုံးဝင်အောင်လုပ်ပေးနိုင်တဲ့ Web Applications တွေရှိပြီး Chrome Web Store မှာ အင်စတောလုပ်နိုင်ပါတယ်။
drive.google.com ကိုသွားပြီးသင့် google အကောင့်နဲ့ sign in လုပ်ပါ။
Upload Files & Folders
ဖိုင်တွေ ဖိုဒါတွေကို သင့် ရဲ့  Google Drive ဆီကို upload လုပ်ပြီး သိမ်းဖို့ အတွက် upload button ကို နှိပ်ပါ။ပြီးရင်သင့် စက်က ဖိုင်ကို ရွေးပေးပါ။
Organize Files
သင် upload လုပ်ပြီး google drive မှာသိမ်းထားတဲ့ဖိုင်တွေကို organize လုပ်နိုင်ဖို့  New Folder ပုံကိုနှိပ်ပြီး folder တွေ ပြုလုပ်နိုင်ပါတယ်။ဖိုင်တွေကို drag and drop လုပ်ပြီး ဖိုဒါတွေထဲကို ပြောင်းရွှေ့ နိုင်ပါတယ်။နောက်တစ်နည်းက Organize button ကိုနှိပ်ပြီး ဒါမှမဟုတ် ဖိုင်ပေါ်ကို right click နှိပ်ပြီး Organize ကိုနှိပ်ပါ။
နောက်ပေါ်လာတဲ့ box မှာ သက်ဆိုင်ရာ ဖိုဒါကို ရွေးပေးပြီး Move ကို နှိပ်ပါ။
Share Files & Folders
ဖိုင်တွေ ဖိုဒါတွေကို share လုပ်ဖို့ အတွက် Share Button ကို နှိပ်နိုင်သလို ဖိုင်၊ဖိုဒါတွေပေါ်မှာ right click နှိပ်ပြီး Share>Share ကို နှိပ်ပါ။
Sharing settings မှာ Change ကိုနှိပ်ပါ။
နောက်ထပ် Sharing settings ပေါ်လာရင် “Public on the web” or “Anyone with the link” option နှစ်ခုထဲကသင်နှစ်သက်ရာကို ရွေးချယ်ပြီး Save နှိပ်ပါ။
နောက်အဆင့်မှာ သင့် ဖိုင် ရဲ့  link ကို gmail,google plus,facebook,twitter ကနေ သင့်သူငယ်ချင်း၊မိတ်ဆွေတွေ ကို share လုပ်နိုင်ပါတယ်။ဒါမှမဟုတ် လင့်ကို ကော်ပီလုပ်ပြီး messenger တွေကနေလည်း share လုပ်နိုင်ပါတယ်။ဒါ့အပြင် google contacts တွေကို လည်း share လုပ်နိုင်ပြီး သင့် သူငယ်ချင်းတွေရဲ့ အီးမေး ကို ရိုက်ထည့်ပြီးလည်း share လုပ်နိုင်ပါတယ်။
Powerful Search
Google Drive ကသင့်ဖိုင်တွေကို search box ကနေအလွယ်တကူရှာဖွေနိုင်ပါတယ်။
ဖိုင်တွေကို Filter နဲ့ ရှာဖို့ အတွက် ဘယ်ဘက် side bar က More ကို နှိပ်ပြီး Owner,type,more ကိုနှိပ်ပြီး သင့်ဖိုင်တွေကို type ,visibility,ownership စတာတွေအလိုက် လျှင်လျှင်မြန်မြန် ရွေးချယ်ရှာဖွေနိုင်ပါတယ်။
Shared With me
သင့်သူငယ်ချင်းကို google drive က ဖိုင် တစ်ခု အီးမေး ကနေ share လုပ်တယ်ဆိုပါစို့ ။သင့်သူငယ်ချင်းက အီးမေး ရရှိပြီး သူ့ ရဲ့  google drive ကို ဖွင့်ပြီး Shared with me ကို နှိပ်ကြည့်ရင် သင် share လုပ်ထားတဲ့ဖိုင်ကို တွေ့ မြင်ရမှာပါ။အဲဒီဖိုင်ကို select လုပ်လိုက်ရင် Add to My Drive ကို တွေ့ မြင်ရပြီး အဲဒါကို နှိပ်ပြီး သင့်ဖိုင်ကို သူ့ ရဲ့  Google Drive ထဲ မှာ အလွယ်တကူ သိမ်းနိုင်ပါတယ်။အဲဒီအတွက်သင့်သူငယ်ချင်းက သင့်ဖိုင် ကို download လုပ်ပြီး သူ့ ရဲ့  google drive ကို ပြန်ပြီး upload လုပ်စရာမလိုတဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။
တစ်ခုမှတ်ထားရမှာက အဲဒီနည်းက သင့်ရဲ့  Sharing settings မှာ သင့်သူငယ်ချင်းရဲ့  အီးမေးကို ရိုက်ပြီး share လုပ်မှသာ သင့်ရဲ့ သူငယ်ချင်းက သူ့  Google Drive အကောင့်ထဲကို ဖိုင်ကို သိမ်းနိုင်မှာပါ။
Create Google Documents
Google documents တွေပြုလုပ်ဖို့ အတွက် Create ကို နှိပ်ပြီး document,presentation,spreadsheet,form,drawing တွေ ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်ပြီးတဲ့  Google Documents တွေကို ဒေါင်းလုပ်လုပ်ဖို့ အတွက် More drop down arrow ကိုနှိပ်ပြီး Download ကိုနှိပ်ပါ။
Microsoft Office Document အပါအ၀င် တစ်ခြား ဖိုင်ဖောက်မက်တွေ အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Convert Microsoft Office Document To Google Docs
Microsoft office document တွေကို Google docs ဖော်မက် ကို ပြောင်းလဲဖို့ အတွက် ဖိုင်အပေါ်မှာ right click နှိပ်ပြီး Open with > Google Docs ကိုနှိပ်ပါ။ဒါဆိုရင် နောက် tab တစ်ခု ပွင့်ပြီး Googld Docs ဖိုင်အနေနဲ့ ဖွင့်ပေးပြီး edit လည်းလုပ်နိုင်ပါပြီ။နောက်ပြီး Google Docs ဖိုင်ဖောက်မက်အနေနဲ့ ဖိုင် တစ်ဖိုင် ရရှိလာမှာပါ။
Preview Your Files
Video, image, microsoft office documents,adobe photoshop,pdf စတဲ့ဖိုင် တွေ အပြင် တစ်ခြားဖိုင် အမျိုးအစားတွေကို Google Drive မှာ Preview ကြည့်နိုင်ပါတယ်။Google Drive မှာ Preview ကြည့်နိုင်တဲ့ Supported File Types တွေ အားလုံးကို official page မှာ ကြည့်ရှုနိုင်ပါတယ်။ Google Drive ကဖိုင်တွေကို preview ကြည့်နိုင်ဖို့ အတွက် ဖိုင်ပေါ်မှာ right click နှိပ်ပြီး Preview ကို နှိပ်ပါ။
Offine
Offiline ကို Enable လုပ်ထားရင် Google Docs ဖိုင်တွေကို သင့်စက်မှာသိမ်းပေးထားပြီး offline ဖြစ်နေတဲ့ အချိန်မှာတောင် Google Docs ဖိုင်တွေကို ကြည့်ရှုနိုင်ပြီး edit လုပ်နိုင်ပါတယ်။Offline ဖြစ်နေတဲ့ အချိန်မှာ Google Docs ဖိုင်တွေကို ကြည့်ရှု၊ edit လုပ်နိုင်ဖို့  Chrome browser ကနေ drive.google.com ကို ရိုက်ထည့်ပေးပါ။တစ်ခုမှတ်ထားရမှာက Chrome browser ကို အသုံးပြုမှသာဒီလိုလုပ်နိုင်မှာဖြစ်ပါတယ်။
Sync Files Acrosss Devices
Google Drive ကသင့်ဖိုင်တွေကို Windows , Android , IOS device တွေ နဲ့ sync လုပ်နိုင်ဖို့  Google Drive Application တွေ ကိုလည်းဒေါင်းလုပ်လုပ်နိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ windows ကွန်ပြူတာကနေ sync လုပ်ဖို့ ရေးပေးမှာပါ။Google Drive ကိုဒေါင်းလုပ်လုပ်ပြီးရင် Setup Wizard မှာ သင့် google account ကို ဖြည့်ပါ။ နောက် wizard မှာ Advanced setup ကိုနှိပ်ပါ။
သင့်ကွန်ပြူတာမှာ Google Drive ဖိုဒါကို ပြုလုပ်ဖို့ နေရာကို ရွေးချယ်နိုင်ပါတယ်။Sync options မှာ လည်း သီးသန့် ဖိုဒါတွေကို ပဲ sync လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။ဖိုဒါထဲမှာ ရှိမနေတဲ့ဖိုင်တွေအားလုံးကို တော့ Sync လုပ်ပေးမှာကို သတိပြုပါ။Sync Google Docs files ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးထားပြီး သင့် Google Drive(Web Interface) က ဘယ်ဘက် side bar က Offline မှာ Enable offline လုပ်ထားရင် Google Docs ဖိုင်တွေ ကို offline ဖြစ်နေတဲ့ အချိန်မှာ ကြည့်ရှုနိုင်ပြီး edit လုပ်နိုင်မှာပါ။Start Sync ကိုနှိပ်ရင် သင့်ဖိုင်တွေကို sync စလုပ်ပါပြီ။
System Tray က google drive icon ကို right click နှိပ် ရင် Sync status ကိုတွေ့ မြင်နိုင်ပြီး pause လုပ်နိုင်ပါတယ်။
Google Drive(web interface) ကနေ ဖိုင်တွေ upload လုပ်နိုင်သလို သင့်ကွန်ပြူတာက Google Drive ဖိုဒါကို အသုံးပြုပြီးလည်းဖိုင်တွေ ဖိုဒါတွေ upload လုပ်နိုင်ပါတယ်။သင့်ကွန်ပြူတာက ဖိုင် ကို Google Drive ဖိုဒါထဲကို ထည့်ပေးပြီး upload လုပ်နိုင်ပါတယ်။
Web Applications For Google Drive
Web applications တွေကို အသုံးပြုပြီးတော့လည်း Google Drive ကို ပိုမိုအသုံးဝင်အောင်လုပ်နိုင်ပါတယ်။Chrome Web Store မှာ Google Drive နဲ့ တွဲဖက်အလုပ်လုပ်ဖို့  Web Applications တွေကို အင်စတောလုပ်နိုင်ပါတယ်။ဥပမာ အားဖြင့် mp3 ဖိုင် တစ်ခု ကို wav ဖိုင်အနေနဲ့ ပြောင်းလဲဖို့  Google Drive ကမလုပ်ပေးနိုင်ပါဘူး။အဲဒီအတွက် Chrome Web Store ကနေ Drive Converter ကိုအင်စတောလုပ်လိုက်ရင် image,audio,document ဖိုင်တွေကို တစ်ခြား ဖိုင်ဖော်မက်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါပြီ။
Google Drive နဲ့ ပတ် သတ်တဲ့ ကောင်းနိုးရာရာတွေကို နောက်ဆောင်းပါးတွေမှာ ရေးပေးပါအုံးမယ်။အခုတော့ဆောင်းပါးလည်း ရှည်နေပြီဖြစ်တဲ့အတွက် ဒီမှာပဲနားပါရစေ။Google Drive နဲ့ ပတ်သတ်တဲ့ ကျွန်တော် ရေးထားပြီးသားဆောင်းပါးတွေကို လည်း အောက်မှာ လင့်ပေးထားပြီး ဖတ်ရှုနိုင်ပါတယ်။
Save Webpages,Audio,Video & Files To Google Drive
Attach 10 GB File To Gmail With Google Drive Integration
How To Transfer Files Between Dropbox,Google Drive,Sky Drive