Pages

Pages

Friday, November 9, 2012

FilExile : A Simple Tool To Delete Locked Files

သင့်ကွန်ပြူတာမှာဖိုင်တွေဖိုဒါတွေကိုဖျက်တဲ့အခါ တစ်ခြား process ကသုံးနေလို့ ဖျက်လို့ မရပါဘူးဆို တဲ့ error ကြုံဖူး ကြမှာပါ။ဒီလို အခြေအနေမျိုးမှာ FilExile ဆို တဲ့ program လေးကိုသုံးကြည့်ပါ။တစ်ခြားအလားတူ program တွေလို မဟုတ်ဘဲ Windows system ဖိုင်တွေ၊ဖိုဒါတွေကိုမှားမဖျက်မိအောင် design လုပ်ထားတဲ့အတွက် safe ဖြစ်ပါတယ်။

1

FilExile program ဖွင့်ပြီး ဖိုဒါကိုဖျက်ချင်ရင် Directory Mode ကိုရွေးပါ။ဖိုင်ကိုဖျက်ချင်ရင် File Mode ကိုရွေးပါ။ပြီးရင်တော့ Browse ကိုနှိပ်ပြီး သင်ဖျက်ချင်တဲ့ဖိုင် ၊ဖိုဒါ ကိုရွေးပြီး Delete ကိုနှိပ်လိုက်ရင် Locked Files တွေကို ဖျက်နိုင်ပါပြီ။Advanced users တွေအတွက် Setting ထဲမှ Advanced Mode ကိုအသုံးပြုပြီးလည်းဖျက်နိုင်ပါတယ်။Auto update လည်းလုပ်ပေးနိုင်ပါတယ်။ဖိုင်ဆိုက်သေးငယ်ပြီးသုံးရတာလွယ်ကူပါတယ်။

Download latest version from official site @ sourceforge.net/projects/filexile/

Download FilExile 1.4 @ Dropbox 

No comments:

Post a Comment